နွေဦးတော်လှန်ရေး နေ့စဉ်မှတ် (၂၆ ဇွန် ၂၀၂၂)

နွေဦးတော်လှန်ရေး နေ့စဉ်မှတ် (၂၆ ဇွန် ၂၀၂၂)

ဇွန်လ ၂၆ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ

· ကသာခရိုင်၊ မိုးတားကြီး မိုးတားလေးဘက်မှာ တပ်မ (၈၈) လက်အောက်ခံ ခလရ (၇၇) က တပ်သား ၄ ဦးက CDM ပြု လုပ်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာသည့်အတွက် ကာကွယ်ဝန်ကြီးဌာနကိုယ်စား အမှတ် ၁ စစ်ဒေသ တာဝန်ရှိသူများမှ တစ်ဦးလျှင် ကျပ် သိန်း ၅၀ စီဆုငွေများ ချီးမြှင့်ခဲ့သည်။

· အမျိုးသားညီညွတ်ရေးအစိုးရက ဖော်ဆောင်နေသည့် ကြားကာလအဆင့်မြင့် ပညာရေးအတွက် ဆရာများ ကျောင်းသားများ၏ သဘောထားဆန္ဒများကို ပညာရေးဝန်ကြီးဌာနကနေပြီးတော့ စစ်တမ်း ကောက်ယူနေ ကြောင်း ထုတ်ပြန်သည်။

· စစ်တပ်သည် ဖက်ဒရယ်ဒီမိုက ရေစီစနစ်ကို တစ်ဆင့်ပြီး တစ်ဆင့်တိုးတက်ပြောင်းလဲလာနိုင်ရန် ကြိုးပမ်း မှုများကို မျက်ကွယ်ပြုကာ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ (၁) ရက်နေ့မှာ ပြည်သူ့ထံမှ အာဏာကိုထပ်မံလုယူ သိမ်းပိုက်ခဲ့ယုံသာမကဘဲ စစ်အာဏာရှင်စနစ် ဆက်လက်သက်ဆိုးရှည်စေရေး ကြိုးစားအားထုတ် နေဆဲဖြစ် ကြောင်း ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ၄၆ နှစ်မြောက် ဆလိုင်း တင်မောင်ဦး အထိမ်း အမှတ်နေ့အဖြစ် ကြေညာချက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တော်လှန်ရေးလှုပ်ရှားမှုများ

· မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် ဒေသခံ ပြည်သူ များ အနေဖြင့် ယနေ့ ဇွန်လ ၂၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ မော်တော် ယာဥ်များနှင့် အနီးကပ်သွားလာခြင်းများ ရှောင်ကျဥ်ရန်နှင့် ည ၈နာရီ ကျော် လျှင် အပြင်သွားလာခြင်းများ မပြုလုပ်ကြရန် သထုံခရိုင် PDF တပ်ရင်း ၃ က ထုတ်ပြန်ထားသည်။

· မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာကို စစ်ကောင်စီတပ်များက ယမန် နေ့ ၂၅ ရက်နေ့ ညပိုင်း တွင် ဝင်ရောက် စီးနင်းပြီး ကလေးငယ်၊ အမျိုး သမီး ငယ်တစ်ဦး၊ မသန်စွမ်း တစ်ဦး အပါအဝင် ကရင်တိုင်း ရင်းသား ပြည်သူ ၁၀ ဦး ကို ညှဉ်းပန်းသတ်ဖြတ်ပြီး အလောင်းများကို အိမ်များထဲတွင် ထည့်၍ မီးရှို့ သွား ကြောင်း ဒေသခံများနှင့် သထုံပြည်သူ့ပြောက်ကျားတပ်ဖွဲ့ထံမှ သိရှိရ သည်။

· စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွှေဘို-နောင်ကြီးအိုင်လမ်းအား ဇွန်လ ၂၆ ရက် နေ့မှ စတင်ကာ ဇွန်လကုန်အထိ ည က နာရီမှ နံနက် ၅ နာရီအထိ ဖြတ်သန်း သွားလာခြင်း မပြုလုပ်ရန် C&T Shwebo တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

· ကလေးမြို့ ပင်မ သပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့် အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အားမာန်သစ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် "မင်းတို့ ငါခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်၊ ငါ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်ကို သတ်လို့ မရဘူး" စာတန်း ကိုင်ဆောင်ကာ ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၆ နှစ်ပြည့်အဖြစ် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြကြကြောင်း သိရသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းထဲသို့ PDF ပူးပေါင်းအဖွဲ့တစ်ခုက လက်နက်ကြီး ၁၀ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Black Dragon Special Task Force က သတင်းထုတ်ပြန်သည်။

· အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ယနေ့ ကျရောက်သော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးမှု ၄၆ နှစ်ပြည့်အဖြစ် "မင်းတို့ စစ်ဖိနပ် အောက် ငါတို့ ဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" စာသား ကိုင်ဆွဲကာ ယနေ့ ဇွန်လ ၂၆ ရက် နံနက်တွင် ၄၇၂ ရက်မြောက်အဖြစ် ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။

· ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီမှ ဦးဆောင်ကာ ကျောင်းသား ခေါင်း ဆောင် ဆလိုင်း တင်မောင်ဦး ကျဆုံးမှု ၄၆ နှစ်ပြည့်အဖြစ် "မင်းတို့ စစ်ဖိနပ် အောက် ငါတို့ ဘယ်တော့မှ ဒူးမ ထောက်နိုင်ဘူး" စာသားနှင့် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကို ယနေ့ဇွန် ၂၆ ရက်တွင် သပိတ်မှောက် ဆန့်ကျင်ခဲ့ ကြသည်။

· စစ်ကိုင်းတိုင်း တမူးမြို့တွင် အကြမ်းဖက်စစ်တပ်ပိုင် Mytelတာဝါတိုင်နှင့် ဆက်သွယ်ရေးပစ္စည်းများကို ရှင်းလင်းလိုက်ကြောင်း PDF တမူးက ပြောသည်။

· စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ယနေ့ ကျရောက်သည့် ကျောင်းသား ခေါင်း ဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးမှု ၄၆ နှစ်ပြည့်အဖြစ် "မင်းတို့ စစ်ဖိနပ် အောက် ငါတို့ ဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" ကြွေးကြော်သံဖြင့် မုံရွာ လူငယ်များက စစ်အာဏာ ရှင် ဆန့်ကျင်ရေး ချီတက် သပိတ်မှောက်ကြသည်။

· စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ်၌ ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း၍ နယ်မြေရှင်းလင်းရေးလုပ်နေစဉ် အာဏာသိမ်းစစ်ကောင်စီတပ် သားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နေလစင်္ကြာ-Shwebo PDF က ယနေ့ဇွန်လ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

· စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲများဆက်လက် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်များ အကျဆုံးရှိနိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူး) တပ်ရင်း (၄) မှ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

· ရန်ကုန်တွင် ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ဝင်များ ဦးဆောင်ကာ ယနေ့ ဇွန်လ ၂၆ ရက်နေ့တွင် စစ်အာဏာကြိုးစင်အား မီးရှို့ပြခြင်းဖြင့် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း (၄၆) နှစ်မြောက်နေ့တွင် မကြောက်တရားအား ပြသခြင်းဖြစ်ကြောင်း သိရသည်။

· အကြမ်းဖက်စစ်တပ်၏ မတရားသဖြင့် ပြည်သူလူ ထုကို အုပ်ချုပ် မင်းမူနေသည်ကို ထင်ဟပ်စေရန် ဆလိုင်း တင်မောင်ဦး နောက်ဆုံး ရဲရဲတောက် ဟစ်ကြွေးခဲ့သော သမိုင်းဝင်စကားဖြစ်သည့် "စစ်ဖိနပ်အောက် ဒူးမထောက်" စာသားပါ စာတန်းတစ်ခုကို ရန်ကုန်မြို့တစ်နေရာ ယနေ့ နံနက်ပိုင်းတွင်"စစ်အာဏာရှင် ဆန့်ကျင်ရေးရန်ကုန်အင်အားစု-AJAY "က ချိတ်ဆွဲဆန့်ကျင်ဆန္ဒပြသပိတ်မှောက်ကြသည် ။

· ရန်ကုန်- မန္တလေးအမြန်လမ်းပေါ်ရှိတံတားတစ်ခုပေါ်တွင် ယနေ့ ကျရောက်သည့် ကျောင်းသား ခေါင်း ဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးမှု ၄၆ နှစ်ပြည့်အဖြစ် "မင်းတို့ စစ်ဖိနပ် အောက် ငါတို့ ဘယ်တော့မှ ဒူးမထောက်နိုင်ဘူး" စာတန်းကို မန္တလေးသပိတ်အင်အားစုမှ ချိတ်ဆွဲခဲ့ပြီး အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့ကြသည်။

· ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ရွှေပြည်သာနှင့် မြောက်ဒဂုံမြို့နယ်များတွင် နေအိမ်နှင့် မီးတိုင်သွယ် တန်းထားသည့် လျှပ်စစ်ဝါယာကြိုးများ ဖြတ်ပြီးခိုးယူမှုများသောင်းကျန်း နေကြောင်း သိရသည်။

· တောင်ကိုရီးယားနိုင်ငံ ဂင်မဲမြို့ဂျင်လဲ တက်ခနိုဗယ်လီ ဖူဆယ်ကွင်းတွင် ဂင်မဲ နွေဦးတော်လှန်ရေးအဖွဲ့မှ ဦးဆောင်ပြီးဖူဆယ်ဘောလုံးကွင်းတွင် ပိုက်ကျော် ခြင်း ပြိုင်ပွဲ ရန်ပုံငွေရရှိရေးကိုကျင်းပခဲ့ကြပြီး ပြိုင်ပွဲတွင် တောင်ကိုးရီးယား ရောက် မြန်မာ အင်အားစုများ အဖွဲ့ပေါင်း၁၂ဖွဲ့ ပါဝင်ခဲ့ပြီး လူဦးရေ ၁၅၀ ကျော် ပါဝင် ဆင်နွဲခဲ့ကြကြောင်းသိရှိရသည်။

· မကွေးတိုင်း ရေစကြိုမြို့နယ် ပခန်းငယ် ရဲကင်းစခန်းမှ ရဲတပ်သား အောင်သူကျော်သည် မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး- MVRF ထံ ဇွန်လ ၂၂ ရက်နေ့တွင် CDM လာရောက် ပြုလုပ်ခဲ့ကြောင်း MVRF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

· ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့တွင် PDF နှင့် ပတ်သက်သည်ဟု မတရားစွပ်စွဲ ဖမ်းဆီးခံ ထားရသည့် ဒေသခံအမျိုးသားတစ်ဦးသည် စစ်ကောင်စီတပ်သားများ၏ စစ်ကြောရေး၌ နှိပ်စက်ညှဥ်း ပန်းခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။

· တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် အမှတ် (၂) ရပ်ကွက်ရှိ ခရေပင်လမ်းတွင် အိမ်ဆောက်ပစ္စည်းများ ဖွင့်လှစ်ရောင်းချနေသည့် ဆိုင်ရှင် အမျိုးသမီး တစ်ဦးကို ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ က စစ်ဆေးမေးမြန်း စရာရှိဟု ဆိုကာ လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ယင်း မြို့ရှိ ဒေသခံများထံမှ သိရ သည်။

· ယနေ့အတွက် တောင်ကိုရီးယားနိုင်ငံ၏ ၁၈ကြိမ်မြောက် Park Jong-cheol လူ့အခွင့်အရေးဆုအတွက် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့ဒီမိုကရေစီအရေးအတွက် ဦးဆောင်လှုပ်ရှားနေသည့် ဒေါက်တာ တေဇာဆန်းကို အထူးဆုချီးမြှင့်ကြောင်း ဆုအကဲဖြတ်ကော်မတီကနေ သတင်းထုတ်ပြန်သည်။

တိုင်းရင်းသားလက်နက်ကိုင်များ

· ကရင်ပြည်နယ်၊ ဝေါလေဒေသရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသော ဥကရစ်ထ စစ်ကောင် စီ စခန်းကို KNDO အထူးကွန်မန်ဒိုတပ်ရင်း၊ Venom စစ်ကြောင်းက ယနေ့ ဇွန်လ ၂၆ ရက် နံနက် ၅ နာရီတွင် ဝင်ရောက်တိုက်ခိုက်နေပြီး လက်ရှိ နေ့လယ် ၁၂ နာရီဝန်းကျင်အထိ စခန်းမသိမ်းနိုင်သေးကြောင်း Venom စစ်ကြောင်း သတင်းပြန်ကြားရေးထံမှ သိရှိရသည်။

· အကြမ်းဖက်စစ်ကောင်စီက အရပ်သား ရခိုင်ပြည်သူ ၂၁ ဦးကို ဖမ်းဆီးထားပြီး အသက်မပြည့် အရွယ်မ ရောက်သေးသူ ၃ ဦးပါဝင်ဟု ULA/AA က ထုတ်ပြန် သည်။

· စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်တိတ်ဒေသ မံထုံ ၊ တောင်ကြီးဘက်သို့ စစ်ကြောင်း ထိုးလာသော အကြမ်း ဖက် စစ်တပ်နှင့် KIA၊ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့် တွင် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း နယ်မြေခံ သတင်းရင်း မြစ်များထံမှ သိရသည်။

· အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ကို ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ဝမ်ဟိုင်းဌာနချုပ်တွင် ကျင်းပရာ SSPP/SSA ၏အဖွဲ့ဝင်များနှင့်အတူ SSPP/SSA အကြီးကဲ ပုဂ္ဂိုလ်များ အပြင် ပြည်သူလူထု များပူးပေါင်းပါဝင်ရာ တက်ရောက်သူ စုစုပေါင်း ၂၀၀၀ ကျော် ပူးပေါင်းပါဝင်တက်ရောက်ခဲ့သည်။

· ကရင်နီ(ကယား)ပြည်၊ ဖယ်ခုံမြို့တွင် လွိုင်ကော်မှ မိတ္ထီလာသို့ တရားမဝင်သစ်များ သယ်ဆောင်လာသော ကားတစ်စီးကို ဇွန်လ (၂၅)ရက်နေ့က ဖမ်းဆီးရမိခဲ့‌ကြောင်း KNDF-B03 က ယနေ့ဇွန် လ(၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

· အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် "ဝ" ပြည်တောင်ပိုင်း (၁၇၁) စစ်ဒေသအတွင်း ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးအမျိုးအမျိုးကို ဇွန် ၂၆ ရက်နေ့ တွင်"ဝ"တပ်ဖွဲ့က မီးရှိုးဖျက်ဆီးခဲ့ကြောင်း သိရသည်။

· မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအမြစ်မပြတ်ခြင်းသည် ခေတ်အဆက်ဆက်အစိုးရအဖွဲ့များ မူးယစ်ဆေးဝါး ရောင်းဝယ်သူများဆီက လာဘ်လောဘရယူပြီး မျက်ကွယ်ပြုနေတာကြောင့်ဟု RCSS မှ ဗိုလ်ချုပ်ကြီး ယွက်ဆစ်ပြောသည်။

စစ်ကောင်စီ

· AA နှင့် အကြမ်းဖက်စစ်ကောင်စီအကြား အပြန်အလှန်ဖမ်းဆီးမှုများရှိနေချိန် ရခိုင်ပြည်နယ်ရှိ ရဲစခန်းများ တွင် အခြားဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း ခိုလှုံကြရန် အကြမ်းဖက်စစ်ကောင်စီက ဇွန်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် ညွှန်ကြား ချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

· ပဲခူးတိုင်း တောင်ငူခရိုင် အမြန်လမ်းမ မိုင်တိုင် ၁၈၆တွင် ဇွန်လ၂၂နေ့၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုငြိမ်းမောင်နှင့်အတူ အမျိုးသမီး၂ဦး စစ်ကောင်စီမှ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

· ဧရာဝတီတိုင်း၊ ပုသိမ်မြို့ စစ်ကောင်စီလေတပ်စခန်းမှ ယနေ့ ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ခန့်တွင် တိုက်လေယာဉ် လေးစီးထက်မနည်း ပျံသန်းမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

· တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းရှိ ဆန်ဂိုဒေါင်များကို စစ်ကောင်စီက လိုက်လံပိတ်ခိုင်း နေသည့်အပြင် ဖမ်းဆီးမှုများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

· စစ်ကောင်စီကတွင်တွင်ပြောနေသည့် ဖက်ဒရယ်ဆိုသည်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စည်းရုံးရန်အတွက် သာဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

· ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ၃၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အဖြစ်ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးများကို စစ်ကောင်စီ မီးရှို့ပြသည်။

· မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင်ရောင်းဝယ်သူများသည် နိုင်ငံရေးအခြေအနေကို အခွင့်ကောင်းယူပြီး နည်းလမ်းပေါင်းစုံဖြင့် မူးယစ်ဆေးဝါးများကို ဖြန့်ဖြူးထုတ်လုပ်လျက်ရှိကာ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ်ဖမ်းဆီးရန် စစ်ကောင်စီဥက္ကဋ္ဌက ပြောသည်။

· မြန်မာ့အရေး NUGနှင့် ထိတွေ့ရန် ကုလနှင့် မလေးရှားတို့က တိုက်တွန်းထားချိန် အာဆီယံအနေဖြင့် အဖြေမရသေးသည့် မြန်မာ့အရေး ထပ်ဆွေးနွေးရန် မြန်မာဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ယခု ဇွန်လ ၂၉ ရက်နေ့ ဒုတိယအကြိမ် မြန်မာပြည်လာမည်ဖြစ်ကြောင်း သိရသည်။

· မြို့နယ်အချို့တွင် PDF များက ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက် ဖျက်ဆီးမှုများ ပြုလုပ်ကြောင်း စစ်ကောင်စီဝါဒဖြန့်ချိရေးမီဒီယာများတွင် ရေးသားထားသည်။

ဇွန် ၂၆ သုံးသပ်ချက်

· နိုင်ငံရေးအခြေအနေကိုအခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးများကို နည်းလမ်းပေါင်းစုံဖြင့် ဖြန့်ဖြူးသည်ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုသည်။မင်းအောင်လှိုင်နှင့် မကြာသေးခင်က တွေ့ဆုံထားသည့် RCSSခေါင်းဆောင် ယွက်စစ်က အစိုးရအဆက်ဆက်မှ လာဘ်စားမှုများကြောင့် မူးယစ်ဆေးဝါကိုမတိုက် ဖျက်နိုင်ဟု ပြောဆိုပြန်သည်။ တကယ်တမ်းမူးယစ်ဆေးဝါးအမြောက်အမြား သယ်ဆောင်သူ များတွင် စစ်တပ်အရာရှိများ လက်နက်ကိုင်အဖွဲ့များ ပါဝင်ပတ်သက်နေသည်ကို တွေ့ရသည်။ရွှေသမင် ဘယ်က ထွက်မင်းကြီးတာကထွက်ဟုဆိုရမည်ပင်ဖြစ်သည်။

· တစ်နိုင်ငံအတိုင်းအတာဖြင့် စစ်အာဏာရှင်ကြောင့် ကျဆုံးခဲ့ရသည့် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း အထိမ်းအမှတ်ပြုလုပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြသည်။

· စစ်ကောင်စီမှ အညာဒေသတွင် မီးရှို့သတ်ဖြတ်သည့် ပုံစံမျိုး KNU နယ်မြေ သထုံဘက်တွင် ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်ခြင်းနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တာမျိုး ပြုလုပ်လာပြန်သည် ။စစ်ကောင် စီ အထိနာပြီဆိုလျှင် ယင်းသို့ပြုမူတတ်သည်ဖြစ်သည်။

· ကရင်ပြည်နယ် ဝေါလေဘက်တွင် KNU နှင့် ပူးပေါင်းတပ်များသည် စစ်ကောင်စီကို တန်ပြန်ထိုးစစ်ပြု လုပ်နေသလို ကျိုက်ထိုနှင့် စစ်ကိုင်းဘက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များမှလည်း ထိုးစစ်ပြုလုပ်မည် ဖြစ်သည့်အတွက် ပြည်သူများကို သတိဖြင့် သွားလာရန် သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly