တရုတ်တွင် ဓာတုဗေဒ စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး ၈ဦး ဒဏ်ရာရ

တရုတ်တွင် ဓာတုဗေဒ စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး ၈ဦး ဒဏ်ရာရ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းကန်စုပြည်နယ်ရှိ ဓာတုဗေဒ စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ပြီး ၈ဦး ဒဏ်ရာရရှိခဲ့သည်။

ဆေးရုံမှ ဆင်းခွင့်ရခဲ့သူ ၁ ဦးရှိခဲ့ပြီး ကျန် ဒဏ်ရာရသူ ၇ ဦးမှာ သက်သာကြောင်း ဆရာဝန်များကို ကိုးကား၍ ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ဇွန်လ ၁၆ရက် ညနေ ၆ နာရီ ၅၈ မိနစ် နာရီတွင် လန်ကျိုးမြို့ရှိ စက်မှုဥယျာဉ်အတွင်းရှိ ဘင်နွန်နည်းပညာလီမိတက်အမည်ရှိ ဓာတုဗေဒ စက်ရုံတစ်ခု၏ အနယ်အနှစ်အခြောက်ခံစက်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အနည်းဆုံး ကယ်ဆယ်ရေးဝန်ထမ်း ၄၃၀ နှင့် ကယ်ဆယ်ရေးယာဉ် ၇၀ ကျော် ကယ်ဆယ်ရေးလုပ်ငန်းအတွက် ရောက်ရှိလာခဲ့ရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနီးနားရှိ လူနေရပ်ကွက်တွင် လျှပ်စစ်မီး ပြတ်တောက်ခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

ပိုးသတ်ဆေးထုတ်လုပ်ရောင်းချမှုနှင့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတွင် ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရသေးကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly