တရုတ်က ပါကစ္စတန်ရှိ ဂွါဒါမြို့၌ စောင့်ကြည့်ကင်မရာ အလုံး ၅၀၀ တပ်ဆင်

By The Print
22 June 2022
တရုတ်က ပါကစ္စတန်ရှိ ဂွါဒါမြို့၌ စောင့်ကြည့်ကင်မရာ အလုံး ၅၀၀ တပ်ဆင်

ပါကစ္စတန်၏ ဆိုးတူကောင်းဘက်မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံသည် ဂွါဒါမြို့၌ စောင့်ကြည့်ကင်မရာ အလုံး ၅၀၀ ကျော် တပ်ဆင်နေသောကြောင့် ယင်းမြို့ကို ကုန်သွယ်မှုဆိပ်ကမ်းတစ်ခုအဖြစ် မည်သို့မှ မရည်ရွယ်ကြောင်း ထင်ကြေးပေးမှုများ မြင့်တက်လာသည်။ ယင်းသို့လုပ်ဆောင်မှုသည် ရေတပ်စခန်း တစ်ခုတည်ဆောက်နေသကဲ့သို့ဖြစ်နေသည်။

တရုတ်ကုမ္ပဏီများအတွက် ခြံစည်းရိုးခတ်ကာရံထားသော လူနေအဆောက်အအုံစီမံကိန်းများကို နေရာချရန် ပြည်သူအများအပြားအား ဂွါဒါမြို့မှ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းနေသည်ဟု ဘာလိုချီစတန် ဝန်ကြီးချုပ်ဟောင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါသတင်းကို WLVN အကဲဖြတ်အဖွဲ့၊ ပထဝီနိုင်ငံရေး၊ ကာကွယ်ရေး၊ အမျိုးသားလုံခြုံရေးနှင့် စစ်ပွဲနှင့်လေကြောင်းအကြံပေးအဖွဲ့တို့မှ ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

တရုတ်ကုမ္ပဏီများသည် တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) ၏ အကျိုးအမြတ်အများစုကို စံစားနေပြီး ၎င်း၏ဆိုးရွားသောအကျိုးသက်ရောက်မှုက ပါကစ္စတန်ပြည်သူများအပေါ် တိုက်ရိုက်သက်ရောက်လျက်ရှိသည်။

ပါကစ္စတန်သည် တရုတ်၏အကြွေးထောက်ချောက်အတွင်း သက်ဆင်းနေကြောင်းကိုလည်း Islam Khabar သတင်း၌ဖော်ပြထားသည်။

တရုတ်ကုမ္ပဏီနှင့် ပုဂ္ဂလိကစွမ်းအင်ကုမ္ပဏီပေါင်း နှစ်ဒါဇင်ကျော်က ၎င်းတို့အကြွေးများမရပါက ဓာတ်အားပေး စက်ရုံများလည်ပတ်မှုကို ရပ်ဆိုင်းမည်ဟု မေ ၉ ရက်က ကြေညာပြီးနောက် ပါကစ္စတန်စီးပွားရေး အကျပ်အတည်းသည် ပို၍ ဆိုးရွားလာပုံရသည်။

ပါကစ္စတန်သည် နိုင်ငံအတွင်းလည်ပတ်နေသော တရုတ်ကုမ္ပဏီပေါင်းများစွာကို ရူပီးငွေ ၃၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၉ ဘီလီယံ) ထက်မနည်းပေးရန်ရှိနေသည်။
.
ကုန်သွယ်မှုလွယ်ကူစေရန် ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် စွမ်းအင်၊ ဆက်သွယ်ရေး၊ မီးရထားလမ်း၊ ကားလမ်းများနှင့် အဝေးပြေးလမ်းမကြီးများကဲ့သို့သော ကဏ္ဍစုံရှိ အခြေခံအဆောက်အအုံဆိုင်ရာ ပရောဂျက်များစွာတွင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) အောက်၌ လည်ပတ်နေသော တရုတ်ကုမ္ပဏီပေါင်း ၃၀ ကျော်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required