အမေရိကန်ဥပဒေပြုအမတ်များက တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုကို ထိန်းချုပ်ရေးကို သဘောတူ

အမေရိကန်ဥပဒေပြုအမတ်များက တရုတ်တွင် ရင်းနှီးမြှုပ်နှံမှုကို ထိန်းချုပ်ရေးကို သဘောတူ

အမေရိကန်အစိုးရက တရုတ်တွင် အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှု ဘီလီယံပေါင်းများစွာကို ဖြတ်တောက်မည့် ဥပဒေပြုရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို နှစ်ပါတီလွှတ်တော်အမတ်များက ကြေညာခဲ့သည်။

ယင်းကြေညာချက်ကို ဇွန် ၈ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Fox Business က ဇွန် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

'ယနေ့ထုတ်ပြန်ခဲ့သည့် ခန့်ညားသောအဆိုပြုချက်တွင် နှစ်ဘက်ပါတီ၊ လွှတ်တော်နှစ်ရပ်လုံး၏ ထောက်ခံမှုနှင့် လုပ်ငန်းဆိုင်ရာစိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းခဲ့သည်' ဟု Fox Business သတင်းဌာနက ကိုးကား ဖော်ပြ ခဲ့သည့် လွှတ်တော်အမတ်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသဘောတူညီချက်သည် ကွန်ပျူတာချစ်ပ်များအတွက် အမေရိကန်ထောက်ပံ့ရေးလိုင်းများ လုံခြုံရေး အတွက် ရည်ရွယ်သည့် ပိုမိုကြီးမာသော ဥပဒေကြမ်း၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သည်။

ဥပဒေအဖြစ် လက်မှတ်ရေးထိုးပါက အဆိုပါသဘောတူညီချက်သည် အမေရိကန်အစိုးရအား အမေရိကန်မှ တရုတ်နိုင်ငံသို့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လွှဲပြောင်းမှု ထက်ဝက်နီးပါးကို ပြန်လည်သုံးသပ်နိုင်မည်ဖြစ်ကြောင်း လေ့လာမှုတစ်ခုက ဖော်ပြနေသည်။

သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်တွင် တရုတ်ကို ချမှတ်ထားသည့် အမေရိကန်အကောက်ခွန်များကို အဆုံးသတ်ရန် သမ္မတဂျိုးဘိုင်ဒင်က  စီစဉ်နေချိန်တွင် ယင်းတရုတ်မူဝါဒထွက်ပေါ်လာခြင်းဖြစ်သည်။

တရုတ်အိမ်ခြံမြေကဏ္ဍတွင် စီးပွားရေးကျဆင်းမှုက တိုင်းပြည်အတွက်သာမက ကမ္ဘာ့ စီးပွားရေးအတွက်ပါ အဓိက ပြဿနာဖြစ်လာနေသည်။

အိမ်ခြံမြေဈေးကွက်သည် အိမ်ထောင်စုစုငွေများအတွက် ရင်းနှီးမြှုပ်နှံမှုကောင်းသည့် နေရာများအနက်မှ တစ်ခုဖြစ်သည်။

အဆောက်အအုံများကဲ့သို့ အိမ်ယာဈေးကွက်သည့် ဈေးနှုန်းများ အလွန်အမင်းမြင့်တက်နေသဖြင့် အမျိုးသား ရေး ခြိမ်းခြောက်မှုဖြစ်လာကြောင်း ပညာရှင်အဖွဲ့ကို ကိုးကားပြီး New York Times က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required