ထိုင်ဝမ် - အမေရိကန် လုံခြုံရေးဆွေးနွေးပွဲများတွင် စစ်ရေးလေ့ကျင့်မှုနှင့် လက်နက် ရောင်းဝယ်ရေးကို အဓိကထားဆွေးနွေးသွားမည်

By Taipei Times
19 June 2022
ထိုင်ဝမ် - အမေရိကန် လုံခြုံရေးဆွေးနွေးပွဲများတွင် စစ်ရေးလေ့ကျင့်မှုနှင့် လက်နက် ရောင်းဝယ်ရေးကို အဓိကထားဆွေးနွေးသွားမည်

ထိုင်ဝမ်နှင့် အမေရိကန်အကြား ယခုသီတင်းပတ်တွင် ပြုလုပ်မည့် လုံခြုံရေးဆွေးနွေးပွဲများတွင် စစ်ရေးလေ့ ကျင့်မှုနှင့် လက်နက်ရောင်းဝယ်ရေးကို အဓိကထားဆွေးနွေးသွားမည်ဖြစ်ကြောင်း အကြီးတန်းအမျိုးသား လုံခြုံရေးအရာရှိက ပြောကြားလိုက်သည်။

ထိုင်ဝမ်အမျိုးသားလုံခြုံရေး ကောင်စီအထွေထွေအတွင်းရေးမှူးချုပ် ဝယ်လင်တန်ခူးဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် နှစ်နိုင်ငံအကြား အရေးအကြီးဆုံး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဟု ယူဆရသော နှစ်စဉ်ကျင်းပသည့် မွန်တာရေးဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။

အသေးစိတ်အချက်အလက်များကိုလူသိရှင်ကြားထုတ်ပြန်ခြင်းမရှိသော်လည်း ယူနိုက်တက်နေ့စဉ်သတင်းစာက ဝါရှင်တန်နှင့် အန်နာပိုလစ်တို့တွင် ဇွန် ၂၀ရက် အဆင့်မြင့်ဆွေးနွေးပွဲများမတိုင်မီ ဇွန် ၁၆ရက်နှင့် ၁၇၇က်တွင် လုပ်ငန်းအဆင့်အစည်းအဝေးများကျင်းပသွားမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

၂၀၂၁ခုနှစ်က အမေရိကန်သမ္မတဂျိုးဘိုင်ဒင် အာဏာရယူပြီးနောက်ပိုင်း ဒုတိယအကြိမ် ကျင်းပခဲ့သော ဆွေးနွေးပွဲများသည် ယူကရိန်းကို ရုရှားစစ်ရေးအရ ကျူးကျော်ချိန်နှင့် ထိုင်ဝမ်ကို တရုတ်က စစ်ရေးအရ ဖိအားများ ပေးနေချိန်တွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ထိုင်ဝမ်နှင့် အမေရိကန်ကြား ဆက်သွယ်ရေး လမ်းကြောင်း များရှင်းရှင်းလင်းလင်းရှိကြောင်း ထိုင်ဝမ်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ရှဗီရာ ချန်က ပြောကြားခဲ့သော်လည်း ဆွေးနွေးပွဲနှင့် ပတ်သက်သည့် သဘောတူညီ ချက်များအကြောင်းကို ပြောရန် ငြင်းဆိုခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားဖြတ်ကျော်အခြေအနေများ မသေချာမရေရာမှုများကို တုံ့ပြန်ရန်အတွက် ချက်ချင်း တိုက်ခိုက်ရေးစွမ်းရည်များ မြှင့်တင်ရန် လက်ရှိအသုံးပြုနေသည် လက်နက်များကို အဆင့်မြှင့်တင်ရေးကို အမေရိကန်က အာရုံစိုက်ရန် မျှော်လင့်ထားကြောင်း အမည်မဖော်လိုသူ အရာရှိကြီးတစ်ဦးက ပြောကြား ခဲ့သည်။

ယင်းမဟာဗျူဟာသည် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုတွင် စက်ကိရိယာအသစ်များကို အဓိကထား ရောင်းချ သည့် အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အစိုးရနှင့် ကွဲပြားသည်ဟု အရာရှိက ပြောကြားခဲ့ပြီး စစ်ရေး ပူးပေါင်းလေ့ကျင့်မှုကိစ္စကိုလည်း ဆွေးနွေးမည်ကြောင်း ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly