ရုရှစစ်တပ် လေကြောင်းချီတပ်ဖွဲ့၏ တပ်မှူးကို ပူတင် ထုတ်ပယ်ခဲ့ဟု ယူကရိန်းပြော

ရုရှစစ်တပ် လေကြောင်းချီတပ်ဖွဲ့၏ တပ်မှူးကို ပူတင် ထုတ်ပယ်ခဲ့ဟု ယူကရိန်းပြော

ဇွန်လ ၁၉ ရက်

စစ်ပွဲအတွင်း ဆုံးရှုံးမှု ကြီးမားခြင်းအတွက် ရုရှ စစ်တပ် လေကြောင်းချီတပ်ဖွဲ့၏ အကြီးအကဲတပ်မှူးဖြစ်သူကို ရုရှသမ္မတ ဗလာဒီမာ ပူတင်က ထုတ်ပယ်ပစ်ခဲ့ကြောင်း ယူကရိန်းက ပြောသည်။

ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်စစ်အတွင်း ရုရှဘက်မှ အသေအပျောက်စာရင်းသည် ၅၀,၀၀၀ ခန့်အထိ ရှိသည်ဟု ခန့်မှန်းချက်များလည်း ထွက်ပေါ်လာခဲ့သည်။

အသက် ၆၀ နှစ်ရှိ ဒုဗိုလ်ချုပ်ကြီး အန်ဒရေ ဆာဒီကော့ဗ်သည် ရုရှ လေထီးစစ်သားများအကြား “သေကျေ၊ ဒဏ်ရာရမှု များပြားခြင်း” အတွက် ပေးဆပ်ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

ယူကရိန်းတွင် ရုရှတို့၏ အလုံးစုံ အသေအပျောက်ပမာဏက ၅၀,၀၀၀ နီးပါး ရှိကြောင်းနှင့် အခြားသော ခန့်မှန်းချက်အများစုထက် သိသိသာသာ များပြားကြောင်း ရုရှသတင်းရင်းမြစ်တစ်ခုက ခန့်မှန်းခဲ့ချိန် အထက်ပါ သတင်းထွက်ပေါ်လာခြင်း ဖြစ်သည်။

ပူတင်သည် ဆာဒီကော့ဗ်ကို ဖယ်ရှားခဲ့ပြီး ၎င်း၏ နေရာတွင် အလယ်ပိုင်းစစ်ဒေသ၏ လက်ရှိ ဦးစီးချုပ် အသက် ၅၃ နှစ်ရှိ ဒုဗိုလ်ချုပ်ကြီး မစ်ခေးလ် တက်ပလင်စကီးကို အစားထိုးတာဝန်ပေးခဲ့ကြောင်း အတည်မပြုရသေးသော ယူကရိန်းသတင်းရင်းမြစ်များကို ကိုးကားပြီး အိုဒက်ဆာ စစ်ဘက်-အရပ်ဘက် ပြောရေးဆိုခွင့်ရှိသူ ဆာဟေး ဘရက်တ်ချော့က ပြောသည်။

ယူကရိန်းနိုင်ငံ ဘူချာမြို့ ဥပဒေမဲ့ သတ်ဖြတ်ခံရမှုများ ဖြစ်ပေါ်ပြီးနောက် ဆာဒီကော့ဗ်ကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်ခဲ့သည်။

အကယ်၍ ၎င်း ထုတ်ပယ်ခံရမှုက မှန်ကန်ပါက ဆာဒီကော့ဗ်သည် အထူးသဖြင့် ကိယက်ဗ် ဝန်းကျင်တွင် အစောပိုင်း လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးများအတွင်း ရုရှ (လေကြောင်းချီ) တပ်ဖွဲ့များအကြား သေကျေ၊ ဒဏ်ရာရမှု များပြားခြင်းနှင့် စွမ်းဆောင်ရည်ညံ့ဖျင်းခြင်းအတွက် တာဝန်ရှိကြောင်းကို ညွှန်ပြနေလိမ့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly