တရုတ်တွင် အပူချိန်မြင့်မားမှုနှင့် အပူလှိုင်းအတွက် အဝါရောင်သတိပေးချက်သက်တမ်း တိုးမြှင့်

တရုတ်တွင် အပူချိန်မြင့်မားမှုနှင့် အပူလှိုင်းအတွက် အဝါရောင်သတိပေးချက်သက်တမ်း တိုးမြှင့်

တရုတ်အာဏာပိုင်များသည် နိုင်ငံနေရာအနှံ့အပြား၌ အပူချိန်မြင့်မားမှုနှင့် အပူလှိုင်းအတွက် အဝါရောင်သတိပေးချက်ကာလကို ဇွန် ၁၇ ရက်က ထပ်မံသက်တမ်းတိုးလိုက်သည်။

တရုတ်နိုင်ငံမိုးလေဝသဌာန၏ အဆိုအရ ဇွန်လ ၁၇ ရက်၌ ဟဲပေ၊ ရှန်ရှီး၊ ဟဲနန်၊ ရှန်တုန်း၊ အန်ဟွေး၊ ကျန်းစု ဟူပေ၊ ရှန်းရှီး၊ အတွင်းမွန်ဂိုးလီးယား၊ နင်းရှားနှင့် ရှင်ကျန်းတို့တွင် အပူချိန်သည် ၃၇ မှ ၄၀ ဒီဂရီစင်တီဂရိတ် အထိ ရှိမည်ဟု မျှော်လင့်ရကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

အဆိုပါ ဒေသအချို့တွင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နိုင်ကြောင်း မိုးလေဝသဌာနမှ ခန့်မှန်းထားသည်။

ညနေဘက် အပူချိန်မြင့်မားချိန်တွင် အပြင်ထွက်အားကစားပြုလုပ်ခြင်းများ ရှောင်ကြဉ်ရန်လည်း ပြည်သူများကို သတိပေးထားပြီး အပူချိန်ကို ထိတွေ့ရသည့်အလုပ်သမားများအနေဖြင့် လိုအပ်သောအကာအကွယ်စီမံမှုများ လုပ်ဆောင်ရန် အကြံပြုထားသည်။

တရုတ်တွင် အရောင်ဖြင့်သတ်မှတ်သော မိုးလေဝသသတိပေးချက်အဆင့် ၄ ခုရှိပြီး အနီရောင်က အပြင်းထန်ဆုံးဖြစ်ကာ ၎င်းနောက်တွင် လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင်တို့ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required