သုညဘ၀ရောက် တရားဥပဒေစိုးမိုးမှု(ဆောင်းပါး)

17 June 2022
သုညဘ၀ရောက် တရားဥပဒေစိုးမိုးမှု(ဆောင်းပါး)

“တရားဥပဒေ စိုးမိုးရေး” ဆိုတဲ့ ဝေါဟာရဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို စတင်ခဲ့တဲ့ ၂၀၁၀ နောက်ပိုင်း လူတိုင်းရဲ့ သည်းခြေကြိုက်စကားလုံး တစ်ခုဖြစ်ခဲ့ပါတယ် ။ နဝတ၊ နအဖ ခေတ်လွန်ပြီး တဲ့ နောက် ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ အစိုးရနှစ်ဆက်စလုံးမှာ နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးမှုရှိဖို့ နည်းမျိုးစုံနဲ့ အကောင်အထည်ဖော်ခဲ့တာ တွေ့ရပါတယ် ။ ဒါပေမဲ့ သိသာတဲ့ အောင်မြင်မှုတွေ မရခဲ့ကြပါဘူး ။ အကြောင်း ရင်းက နိုင်ငံတစ်ဝန်း လက်နက်ကိုင်အဖွဲ့အစည်းတွေ အများအပြားရှိနေတာ ၊ တရားဥပဒေ စိုးမိုးရေးကို အကောင် အထည်ဖော်ဖို့ တာဝန်ရှိတဲ့ ဌာနဆိုင်ရာတွေ စွမ်းဆောင်ရည်ညံ့ဖျင်းတာ နဲ့ အစိုးရယန္တယား ထဲမှာ အကျင့်ပျက် ခြစားမှု ကြီးထွားနေတာတွေက အခြေခံကျတဲ့ အချက်တွေ ဖြစ်နေလို့ပါပဲ ။
#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly