ကမ္ဘာပေါ်၌ ငတ်မွတ်မှုဒဏ် ဆိုးဆိုးဝါးဝါး ခံရနိုင်သည့် နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန် ပါဝင်

ကမ္ဘာပေါ်၌ ငတ်မွတ်မှုဒဏ် ဆိုးဆိုးဝါးဝါး ခံရနိုင်သည့် နိုင်ငံများစာရင်းတွင် အာဖဂန်နစ္စတန် ပါဝင်

အာဖဂန်နစ္စတန် အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၀ တွင် ဆာလောင်ငတ်မွတ်မှုဒဏ် ဆိုးဆိုးဝါးဝါး ကြုံရနိုင်ပြီး လူသားချင်းစာနာမှု အကူအညီများ အရေးတကြီး ပေးအပ်ရန် လိုအပ်နေသည်ဟု ကုလသမဂ္ဂ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် (WFP) နှင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့က အရေးပေါ် အန္တရာယ် သတိပေးချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

အာဖဂန်အပါအဝင် နိုင်ငံ ၂၀ တွင် ယခုနှစ် ၂၀၂၂ ဇွန်လမှ စက်တင်ဘာလအကြား ဆာလောင်ငတ်မွတ်မှုက ပိုမိုဆိုးဝါးလာဖွယ် ရှိနေသည်ဟုလည်း ယင်းအဖွဲ့များက သတိပေးသည်။

အာဖဂန်နစ္စတန်တွင် အစားအစာ မလုံလောက်မှုနှင့် ဆာလောင်ငတ်မွတ်မှုက စံချိန်တင် မြင့်မားနေကြောင်း WFP က ထုတ်ဖော်ပြီးနောက် သီတင်းပတ်များအကြာတွင် ယခု သတိပေးချက် ထွက်ရှိလာခြင်းဖြစ်သည်။

ယင်းနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲနှင့်အတူ သီးနှံအထွက်နှုန်း ပျမ်းမျှအောက် ရောက်ရှိမှု၏ သက်ရောက်မှုကို ကြုံတွေ့ခဲ့ပြီးနောက်ပိုင်း စီးပွားရေးအကျပ်အတည်းတစ်ခု ဖြစ်ပေါ်ခြင်းက နိုင်ငံတစ်ဝန်း မကြုံစဖူးသော အခြေအနေများဖြင့် ဆာလောင်ငတ်မွတ်မှုကို ဖြစ်ပေါ်စေခဲ့သည်။

အာဖဂန်ပြည်သူ ထက်ဝက်နီးပါးခန့်သည် စိုးရိမ်ဖွယ်ရာ ဆာလောင်ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရပြီး အချိန်ရှည်ကြာသော မိုးခေါင်မှုနှင့် နက်ရှိုင်းသော စီးပွားရေးအကျပ်အတည်းတစ်ခုတို့က နိုင်ငံတစ်ဝန်း လူပေါင်းသန်းချီတို့၏ အသက်မွေးဝမ်းကျောင်းများကို ခြိမ်းခြောက်လိမ့်မည် ဖြစ်ကြောင်း ကုလအေဂျင်စီက အစောပိုင်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required