အပြေးနှင့်လေ့ကျင့်ခန်းအအတွက်သုံးသည့် Nike App ကို တရုတ်နိုင်ငံ၌ လာမည့်လတွင် ပိတ်သွားမည်

အပြေးနှင့်လေ့ကျင့်ခန်းအအတွက်သုံးသည့် Nike App ကို တရုတ်နိုင်ငံ၌ လာမည့်လတွင် ပိတ်သွားမည်

အပြေးနှင့်လေ့ကျင့်ခန်းအတွက်သုံးသည့် အက်ပလီကေးရှင်းထုတ်လုပ်သော Nike Run Club (NRC) ကုမ္ပဏီက လာမည့်လတွင် တရုတ်နိုင်ငံ၌ ဝန်ဆောင်မှု ရပ်တော့မည်ဖြစ်ကြောင်း အသုံးပြုသူများအား အသိပေးလိုက်ပြီး ပေကျင်း၌ လုပ်ငန်းများကို ပြင်ဆင်ပြောင်းလဲလိုက်သည့် နောက်ဆုံး အနောက်နိုင်ငံကုမ္ပဏီဖြစ်လာသည်။

အမေရိကန် အားကစားပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီကြီးက ၎င်းတို့ အက်ပလီကေးရှင်းသည် ဇူလိုင် ၈ ရက်မှစ၍ ရပ်နားတော့မည်ဖြစ်ကြောင်း တရုတ်ပြည်မကြီးရှိ အပြေးသမားများအား အသိပေးလိုက်သည်။

ကုမ္ပဏီသည် တရုတ်အပြေးသမားများအတွက် နောင်တွင် ပြည်တွင်းသုံး ကိရိယာတစ်မျိုးကို ထုတ်ပေး မည်ဖြစ်ပြီး တရုတ်နိုင်ငံတွင် ၎င်း၏ ဒစ်ဂျစ်တယ်ပလပ်ဖောင်းများကို အဆင့်မြှင့်တင်ရာတွင် ဆက်လက် ရင်းနှီးမြှုပ်နှံသွားမည်ဟု Nike (NKE) ၏ ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ CNN ကဖော်ပြခဲ့သည်။

တရုတ်နိုင်ငံသည် Nike ဖိနပ်နှင့်အဝတ်အစားထုတ်လုပ်မှု၏ ၅ ပုံ ၁ ပုံခန့်ကို ထုတ်လုပ်ရာ အချက်အချာ နေရာတစ်ခုလည်းဖြစ်သည်။

ပြီးခဲ့သည့်အပတ်က Amazon (AMZN) သည် တရုတ်နိုင်ငံအတွက် ၎င်း၏ အွန်လိုင်းစာအုပ်စတိုး Kindle ကို ပိတ်သိမ်းလိုက်သည့်အပြင် Kindle မှထုတ်လုပ်သည့်ပစ္စည်းများအား လက်လီရောင်းချမှုကို လည်းရပ်ဆိုင်း ကြောင်း ကြေညာခဲ့သည်။

ယခုနှစ်နွေရာသီတွင် အပန်းဖြေအိမ်ရာအငှားကုမ္ပဏီ Airbnb (ABNB) သည် နိုင်ငံတွင်းမှ စာရင်းများအားလုံးကို ပယ်ဖျက်လိုက်ပြီး နိုင်ငံရပ်ခြားမှ ခရီးသည်များကိုသာ ဝန်ဆောင်မှုပေးတော့မည်ဖြစ်သည်။ ထိုသို့ဆုံးဖြတ်ခြင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပိုမိုဆိုးရွားလာသော ကုန်ကျစရိတ်မြင့်တက်မှုများကြောင့် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly