ထိုင်ဝမ် ငလျင်တွင် ပြိုကျသည့် အဆောက်အအုံ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေ

ထိုင်ဝမ် ငလျင်တွင် ပြိုကျသည့် အဆောက်အအုံ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေ

ထိုင်ဝမ်တွင် ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခဲ့သည့် ငလျင်ကြောင့် ပြိုကျသွားသည့် အဆောက်အအုံ တည်ဆောက်ရေးနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု လုပ်ဆောင်နေသည်။

ယင်းငလျင်တွင် တိုင်နန်းမြို့အတွင်း သေဆုံးသူပေါင်း ၃၄ ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။

မြို့တော်ဝန် ဝီလီယမ်လိုင်းက အဆောက်အအုံ တည်ဆောက်ရေးတွင် စည်းမျဉ်းချိုးဖောက်မှုများရှိနေကြောင်းပြောသော်လည်း အသေးစိတ်ကို ပြောကြားခြင်းမရှိပေ။

လူပေါင်း ၃၁၀ ဦးအား ကယ်တင်နိုင်ကြောင်း၊ ၁၀၀ ဦးကို ဆေးရုံတင်ပို့ထားကြောင်း တာဝန်ရှိသူများက ဖေဖော်ဝါရီ ၇ ရက်က ပြောသည်။

ငလျင်တွင် ဒဏ်ရာရရှိသူပေါင်း ၅၀၀ နီးပါးရှိပြီး ၁၂၁ ဦး ပျောက်ဆုံးလျက်ရှိသည်။

ဖေဖော်ဝါရီ ၆ ရက် ဒေသစံတော်ချိန် ၀၄း၀၀ နာရီတွင် အင်အားရစ်ချ်တာစကေး ၆ ဒသမ ၄ ဆင့်ရှိ ငလျင်လှုပ်၍ တိုင်နန်းမြို့တွင်း ၁၇ ထပ်အဆောက်အအုံ ပြိုကျခြင်းဖြစ်သည်။

ယင်းအဆောက်အအုံတွင် သန်းခေါင်စာရင်းအရ နေထိုင်သူ ၂၆၀ရှိသော်လည်း ပြိုကျချိန်တွင် အဆောက်အအုံအတွင်း ရှိနေနိုင်သူ ၃၀၀ ကျော်ထက်မနည်း ရှိနေနိုင်မည်ဟု ယူဆထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly