“တော်လှန်ရေးခရီးကြမ်းကို ရင်ဆိုင်ကြ အောင်ပွဲဆီ ချီတက်ကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၄၅၅ ရက်မြောက် ချီတက် 

09 June 2022
“တော်လှန်ရေးခရီးကြမ်းကို ရင်ဆိုင်ကြ အောင်ပွဲဆီ ချီတက်ကြ” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၄၅၅ ရက်မြောက် ချီတက် 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၅၅ ရက်မြောက် အဖြစ် ယနေ့ ဇွန်လ ၉ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။ 

“တော်လှန်ရေးခရီးကြမ်းကို ရင်ဆိုင်ကြ အောင်ပွဲဆီချီတက်ကြ” စာတန်း အား ကိုင်ဆွဲကာ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ခဲ့ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ် စစ်ကြောင်းသည် မတ်လ ၉ ရက် ၂၀၂၁ နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။\

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly