တီအန်နန်မင်ရင်ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၃ နှစ်မြောက်နှစ်ပတ်လည်အဖြစ် ကျောင်းသားတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

တီအန်နန်မင်ရင်ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၃ နှစ်မြောက်နှစ်ပတ်လည်အဖြစ် ကျောင်းသားတက်ကြွလှုပ်ရှားသူများ ဆန္ဒပြ

လွတ်လပ်သောတိဗက်ကျောင်းသားများအဖွဲ့ (SFT) က တရုတ်နိုင်ငံတွင် ၁၉၈၉ ခုနှစ်က ဖြစ်ပွားခဲ့သည့် တီအန်နန်မင်ရင်ပြင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အောက်မေ့ဖွယ် အထိမ်းအမှတ်အဖြစ် ဓာတ်ပုံပြပွဲတစ်ခုကို ကျင်းပခဲ့သည်။

ဒါရမ်ရှာလမ်မြို့ မက်လောင်ဂန်အရပ်ရှိ Mainsquare ရင်ပြင်တွင် SFT ကျောင်းသားများသည် တီယန်နန်မင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး တင့်ကားယဉ်တန်းရှေ့တွင် မကြောက်မရွံ့ရပ်နေသူတစ်ဦးက ပုံတူကို သရုပ်ဖော်ခဲ့ကြသည်။

SFT အစီအစဉ်ညှိနှိုင်းရေးမှူး တန်ဇင်းပါဆန်က “ ဒီနေ့ဟာ ပေကျင်းမှာ ၁၉၈၉ ခုနှစ်က ဖြစ်ပျက်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၃၃ နှစ်မြောက်နေ့ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ သူတို့နဲ့ တစ်စိတ်တစ်ဝမ်းတည်းရှိကြောင်း ပြသတာပါ။ တရုတ်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်တောင်းဆိုတဲ့ ဆန္ဒပြသူအားလုံးကို အစုအလိုက်အပြုံလိုက်သတ်ဖြတ်တဲ့နေ့ကို ကျွန်တော်တို့တွေ အောက်မေ့သတိရနေမှာပါ” ဟုဆိုသည်။

တိဗက်တက်ကြွလှုပ်ရှားသူ တန်ဇင်းဆန်ဒူးက “ကျွန်တော့်နောက်က တင့်ကားနဲ့ ဒီလူက ၁၉၈၉ ခုနှစ် တီအန်နန်မင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်ကို ကိုယ်စားပြုပါတယ်။ အဲဒီနှစ်က တရုတ်ပြည်သူတွေဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို အစိုးရထံ တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမယ့် တရုတ်အစိုးရက စစ်အင်အားသုံးပြီး ကျောင်းသားတွေနဲ့ အလုပ်သမားတွေကို နှိမ်နင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃၃ နှစ်က ဖြစ်ပျက်ခဲ့တာပါ။ တရုတ်နိုင်ငံရဲ့အခြေအနေက မပြောင်းလဲသေးပါဘူး” ဟုဆိုသည်။

၁၉၈၉ ခုနှစ် တီအန်နန်မင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် ဒီမိုကရေစီတောင်းဆိုသော ဆန္ဒပြမှုများကို သွေးမြေကျအောင် နှိမ်နင်းခဲ့ရာတွင် တရုတ်စစ်တပ်က မိမိတို့နိုင်ငံသားများကို ပစ်ခတ် သတ်ဖြတ် ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် တရုတ်သည် ၁၉၈၉ ခုနှစ် တီအန်နန်မင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အောက်မေ့ဖွယ်များကို ဖျောက်ဖျက်ရန် ကြိုးပမ်းလျက်ရှိပြီး နိုင်ငံ၏ သံသယဖြစ်စရာအကောင်းဆုံး ဖိနှိပ်မှုဖြစ်သည့် ၃၃ နှစ်မြောက်အောက်မေ့ဖွယ်အခမ်းအနားများကို တားမြစ်ထားသည်။

သဘောထားကွဲလွဲမှု၊ ကန့်ကွက်မှု သို့မဟုတ် အထိမ်းအမှတ်အခမ်းအနားများပြုလုပ်သူ မည်သူ့ကိုမဆို ချေမှုန်းရန် ပြင်းထန်သော နိုင်ငံ့လုံခြုံရေးဥပဒေကို အသုံးပြုမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required