ပါကစ္စတန်က လူသားချင်းစာနာမှု အကူအညီပစ္စည်း ၇ တန်ခွဲကို ယူကရိန်းထံ ပေးပို့

ပါကစ္စတန်က လူသားချင်းစာနာမှု အကူအညီပစ္စည်း ၇ တန်ခွဲကို ယူကရိန်းထံ ပေးပို့

ရုရှား၏ ကျူးကျော်စစ်ဆင်နွှဲမှုနှင့် ရင်ဆိုင်နေရသည့် ယူကရိန်းပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် အကူအညီပစ္စည်းတန်ချိန် ၇ တန် ခွဲကို ပါကစ္စတန်က မေ ၃၁ ရက်တွင် ပေးပို့လိုက်သည်။

စစ်ဒဏ်ခံနေရသော နိုင်ငံ၏ ပန်ကြားချက်အရ အကူအညီပစ္စည်းများ ပေးပို့ရန် C-130 လေယာဉ်တစ်စင်း ပျံတက်သွားခဲ့သည်။

အကူအညီ ပစ္စည်းများထဲတွင် ဆေးဝါးများ၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ မွေ့ရာ၊ အိပ်ရာခင်းများနှင့် အစားအစာများ ပါဝင်ပြီး ယင်းတို့ကို ယူကရိန်း၏ ပန်ကြားချက်အရ C-130 လေယာဉ်တစ်စင်းဖြင့် သယ်ဆောင်ပေးပို့ခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ယင်းသည် ပါကစ္စတန်မှ ယူကရိန်းသို့ ပေးပို့သည့် ဒုတိယမြောက် အကူအညီလည်း ဖြစ်သည်။ နောက်ထပ် အကူအညီပစ္စည်းအသုတ်တစ်သုတ်ကို ဇွန် ၃ ရက်တွင် ထပ်မံပေးပို့ရန် ရှိနေသည်ဟု Dawn သတင်းစာက ဖော်ပြသည်။

လူသားချင်းစာနာမှု အကူအညီပစ္စည်း တန်ချိန် ၁၅ တန်ကျော် ပါသည့် ပထမအသုတ် အကူအညီများကို ပြီးခဲ့ သည့် မတ်လက နိုအာခန်း အခြေစိုက်စခန်းကနေ C-130 လေယာဉ်နှစ်စင်းဖြင့် ယူကရိန်းထံ ပေးပို့ထားခဲ့သည်။

အရေးတကြီး လိုအပ်နေသည့် ပစ္စည်းများပါဝင်သော စာရင်းတစ်ခုနှင့်အတူ လူသားချင်းစာနာမှု အကူအညီ အတွက် အစ္စလမ်မာဘတ်ရှိ ယူကရိန်းသံရုံး၏ ပန်ကြားချက်အရ ယခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly