PDF Zoland စစ်သင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ ပြုလုပ်

PDF Zoland စစ်သင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ ပြုလုပ်

ဇွန်လ ၆ ရက်

စစ်ကောင်စီကို တွန်းလှန်နေသည့် ချင်းပြည်နယ် ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့်PDF Zoland၏ စစ်သင်တန်း အပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် နွေဦးတော်လှန်ရေးတွင် ပါဝင်သော ဇိုမီးရွေးကောက်ခံအမတ်များမှ ဇိုမီးဖက်ဒရယ် ယူနီယံ (Zomi Federal Union)၏ ကာကွယ်ရေးဝန်ကြီးဌာန PDF Zoland သို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။

ဇိုမီးတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် PDF Zoland မှာ ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး ZFU/ PDF Zoland နှင့် စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၂၂ ရက်အထိ ချင်းပြည်နယ်၊ ဟန်ဇိန်ရွာတွင် ၁၀ ရက်ဆက် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ZFU/ PDF Zoland ဘက်မှ တူမီးသေနတ်များဖြင့်သာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၈၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly