ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင်ကလေးငယ်အတွက် သင်ထောက်ကူပစ္စည်းများ လှူဒါန်း

06 June 2022
ဒီးမော့ဆိုမြို့နယ်မှ စစ်ဘေးရှောင်ကလေးငယ်အတွက် သင်ထောက်ကူပစ္စည်းများ လှူဒါန်း

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင် ကျောင်းသား၊ ကျောင်းသူ အယောက် ၄၀၀ ကျော် စာသင် ကြားနိုင်ရန်  KNDF တပ်ရင်း (၉) တပ်ခွဲ (၄) တာဝန်ရှိသူများမှ ဇွန်လ ၆ ရက်နေ့ နံနက်ပိုင်းက စာအုပ်၊ ခဲတံများလှူဒါန်းခဲ့ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်များ၏ တိုက်ပွဲကြောင့် ဒီးမော့ဆိုမြို့နယ်ရှိ ပြည်သူ အများစုမှာ စစ်ရှောင်နေရပြီး ကရင်နီတစ်ပြည်လုံး အတိုင်းအတာဖြင့်ဆိုပါက စစ်ရှောင်ဦးရေ ၂၀၀,၀၀၀ ဝန်းကျင်ရှိနေကြောင်း လူမှုကူညီရေးအသင်းများမှ ထုတ်ပြန်ထားသည်။
 
#ဒီးမော့ဆို
#စစ်ဘေးရှောင်
#ကလေးငယ်
#သင်ထောက်ကူပစ္စည်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly