သိမ်ဇရပ်မြို့က ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌ ပစ်ခတ်ခံရ၍ သေဆုံး

By မေဘယ်လ်သူ 
06 June 2022
သိမ်ဇရပ်မြို့က ကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌ ပစ်ခတ်ခံရ၍ သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊  သုံးဂွကျေးရွာအုပ်စု၊ ကျောက်ရေတွင်းကျေးရွာနေ ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးခင်ဝင်းဆိုသူသည် ဇွန်လ ၄ရက်ည ၇နာရီခန့်အချိန်တွင် ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု သိရသည်။ 

ဦးခင်ဝင်းဆိုသူသည် ပျူစောထီးအဖွဲ့အကြံပေးလည်းဖြစ်ပြီး ၎င်းအား ပစ်ခတ်ခဲ့သည့် ရုပ်သံဖိုင်ကို ဇွန်လ ၅ရက်တွင် ရန်ကုန် UG - Gods of Death (G.O.D) အဖွဲ့က ထုတ်ပြန်ထားသည်။ 

"စကစ(စစ်ကောင်စီ)ထောက်တိုင် ဦးခင်ဝင်းသည် ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်သည့်အပြင်  တော်လှန်ရေးလှုပ်ရှားသူများ၏ အချက်လက်များကို စောင့်ကြည့်နေပြီး ပျူစောထီး နှင့် စစ်တပ်သို့ ပေးပို့မှုများ လုပ်ဆောင်နေသည်" ဟု GOD အဖွဲ့က ဆိုသည်။ 

အဆိုပါ ပစ်ခတ်မှုကို Local PDF Theinzayat နှင့် ရန်ကုန် UG - Gods of Death (G.O.D) တို့ ပူးပေါင်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
#မွန်ပြည်နယ်
#သိပ်ဇရပ်မြို့နယ်
#ကျေးရွာမီးလင်းရေးကော်မတီ
#ပစ်ခတ်ခံရ
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly