စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၅၀ ရက်မြောက်နေ့ အဖြစ် ယနေ့ ဇွန်လ ၄ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။
“ဆက်သွယ်ရေးသာ ဖြတ်လို့ရမယ် တော်လှန်စိတ်ကိုဖျက်လို့မရဘူး” စာတန်းအား ကိုင်ဆွဲကာ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ခဲ့ချီတက်ခဲ့ကြသည်။
ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။