“ဆက်သွယ်ရေးသာ ဖြတ်လို့ရမယ် တော်လှန်စိတ်ကိုဖျက်လို့မရဘူး” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၄၅၀ ရက်မြောက်ချီတက်

04 June 2022
“ဆက်သွယ်ရေးသာ ဖြတ်လို့ရမယ် တော်လှန်စိတ်ကိုဖျက်လို့မရဘူး” ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ၄၅၀ ရက်မြောက်ချီတက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိရွာများ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၄၅၀ ရက်မြောက်နေ့ အဖြစ် ယနေ့ ဇွန်လ ၄ ရက်နေ့တွင် ချီတက် ဆန္ဒပြကြသည်။

“ဆက်သွယ်ရေးသာ ဖြတ်လို့ရမယ် တော်လှန်စိတ်ကိုဖျက်လို့မရဘူး” စာတန်းအား ကိုင်ဆွဲကာ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေး ခဲ့ချီတက်ခဲ့ကြသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ ရက်နေ့မှ စတင် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

#mizzima

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့နယ်

#ကြွေးကြော်သံများဟစ်ကြွေး

#ရွာပေါင်းစုံသပိတ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly