တရုတ်နိုင်ငံပိုင် ရုပ်သံက ရှင်ကျန်းဒေသ အကြမ်းဖက်မှုအကြောင်း ဝါဒဖြန့်မှတ်တမ်းစီးရီးသစ်ကို ထုတ်လွှင့်ပြသ

တရုတ်နိုင်ငံပိုင် ရုပ်သံက ရှင်ကျန်းဒေသ အကြမ်းဖက်မှုအကြောင်း ဝါဒဖြန့်မှတ်တမ်းစီးရီးသစ်ကို ထုတ်လွှင့်ပြသ

တရုတ်နိုင်ငံပိုင် သတင်းရုပ်သံလိုင်းဖြစ်သည့် China Global Television Network (CGTN) သည် ရှင်ကျန်းရှိ ဝီဂါများ၏ အကြမ်းဖက်မှုကို ပြသသည့် မှတ်တမ်းစီးရီးသစ်ကို ထုတ်လွှင့်ခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး မီချဲလ်ဘက်ချလက်၏ ခရီးစဉ်သည် ဝီဂါများအပေါ် တရုတ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ဖော်ထုတ်လိမ့်မည်ဟု မျှော်လင့်နေကြသော အနောက်နိုင်ငံများကို ဆန့်ကျင်သည့် တရုတ်၏ ဝါဒဖြန့်မှုအသစ်ဖြစ်သည်။

မီချဲလ်ဘက်ချလက်၏ ရှင်ကျန်းခရီးစဉ် ပြီးဆုံးပြီးနောက် အဆိုပါ ဝါဒဖြန့်မှုမှတ်တမ်းစီးရီး ထွက်ပေါ် လာခြင်းဖြစ်သည်။

စီးရီးများစွာပါဝင်သော မှတ်တမ်း၏ အပိုင်း - ၁ ကို CGTN YouTube နှင့် ၎င်းဝက်ဘ်ဆိုက်များတွင် ၂၀၂၂ ခုနှစ် မေ ၃၁ ရက်က တင်ခဲ့သည်။ ၎င်းစီးရီးသည် ရှင်ကျန်းအနောက်တောင်ပိုင်း အိုအေစစ်မြို့ ဟိုတန်မှ အကြမ်းဖက်မှုဖြစ်ရပ်များကို ဖော်ပြထားသည်။

ခွဲထွက်ရေး၊ ဘာသာရေးအစွန်းရောက်မှုနှင့် အကြမ်းဖက်မှုဟူသော မကောင်းသည့်လုပ်ရပ် ၃ ခုကို အကြမ်းဖက်မှုလုပ်ရပ်များအဖြစ် တင်ဆက်ထားသည်။ အကြမ်းဖက်သမားများ၏ လုပ်ဆောင်ပုံနှင့် ရှင်ကျန်းရှိ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ပုံတို့ကို အလေးထားရိုက်ကူးထားသည်။

အကြမ်းဖက်သမား ဖြစ်သွားပုံနှင့် နောင်တရကြောင်း ပြောပြနေသည့် လက်နက်ချ အကြမ်းဖက်သမားတစ်ဦးအား တွေ့ဆုံမေးမြန်းခန်းကိုလည်း ထည့်သွင်းထားသည်။

ရှင်ကျန်းတွင် အမှန်တကယ် အကြမ်းဖက်မှုများ ရှိသည်ဟု ပြည်သူများ လက်ခံမှု ခိုင်မာစေရန် တရုတ်က အဆိုပါ မှတ်တမ်းစီးရီးများဖြင့် ကြိုးပမ်းအားထုတ်နေခြင်းဖြစ်သည်။

၎င်းဗီဒီယိုကို တရုတ်ဘာသာဖြင့် မထုတ်လွှင့်သေးဘဲ နိုင်ငံပြင်ပမှ ကြည့်ရှုသူများကို ရည်ရည်ရွယ်၍ YouTube တွင် တင်ထားခြင်းဖြစ်သည်ဟု ပြည်တွင်းမီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required