တိုကျိုတွင် Quad က မည်မျှအထိ အလုပ်ဖြစ်ခဲ့သနည်း

တိုကျိုတွင် Quad က မည်မျှအထိ အလုပ်ဖြစ်ခဲ့သနည်း

၂၀၂၁ခုနှစ် မတ်လတွင်ခေါင်းဆောင်များ၏ ပထမဆုံးအကြိမ်အွန်လိုင်းအစည်းအဝေးဖြင့် အရှိန်အဟုန် ရလာပြီး နောက် မေ ၂၄ရက်က ခေါင်းဆောင်များ၏ စတုတ္ထအကြိမ်မြောက်နှင့် တစ်နှစ်အတွင်း လူကိုယ်တိုင်တက် ရောက်ရသည့် ဒုတိယအကြိမ်မြောက် Quad ထိပ်သီးအစည်းအဝေးကို တိုကျိုမြို့တွင် ကျင်းပခဲ့သည်။

Quad သည် လုံခြုံရေးအဖွဲ့ သို့မဟုတ် မဟာမိတ်အဖွဲ့မဟုတ်သော်လည်း ယင်း၏ခေါင်းဆောင်များက အခြား မည်သည့် နိုင်ငံကိုမျှ ဆန့်ကျင်ခြင်းမပြုမှုကို ဆက်လက်ထိန်းသိမ်းထားသည်။

သို့သော်လည်း ဒေသတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာမှု၊ အချုပ်အခြာအာဏာနှင့် နယ်မြေ စိုးမိုးရေး တို့ကို ထိခိုက်စေသည့် ကြီးထွားလာနေသော တရုတ်လှုပ်ရှားမှုများကို စောင့်ကြည့်သည့်အဖွဲ့အဖြစ် လူအများ က ရှုမြင်ကြသည်။

တရုတ်၏ လှုပ်ရှားမှုကို ရည်ရွယ်သည်ဟု ယူဆရသော ကြေညာချက်အများအပြားကို တိုကျိုမြို့တွင် Quad ခေါင်းဆောင်များက ထိပ်သီးဆွေးနွေးပွဲအတွင်း ထုတ်ပြန်ခဲ့ကြသည်။

အမျိုးမျိုးသော မဟာဗျူဟာကြေညာချက်များတွင် ရေကြောင်းပိုင်နက်ဆိုင်ရာအသိအမြင်အတွက် အင်ဒို-ပစိဖိတ် ပူးပေါင်းဆောင်ရွက်မှုသည် Quad အစည်းအဝေး၏ အဓိက အချက်ဖြစ်ကြောင်း နယူးဒေလီရှိ မဟာဗျူဟာရေးရာ လေ့လာသူများက ရှုမြင်ကြသည်။

အဆိုပါ လှုပ်ရှားမှုသည် အင်ဒို-ပစိဖိတ်ဒေသအတွင်း တရားမဝင် ငါးဖမ်းခြင်းအား ဆက်လက်စောင့်ကြည့်မည် ဖြစ်ပြီး တရားမဝင်လှုပ်ရှားမှုကို ခြေရာခံရန် ဂြိုဟ်တုများ အပါအဝင် အချိန်နှင့် တပြေးညီသိရသော အဆင့်မြင့် နည်းပညာများကို အသုံးပြုနိုင်ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ဒေသတွင်းရှိ ပထဝီနိုင်ငံရေးလေ့လာသူတစ်ဦး ယင်းက တရုတ်နှင့် ကိုက်ညီမည်မဟုတ်ကြောင်း ဆိုသည်။

တရုတ်သည် ဒေသတွင်းတွင် တရားမဝင် ငါးဖမ်းခြင်းကို အကြီးအကျယ် ကျူးလွန်သူအဖြစ် စွပ်စွဲခံထားရပြီး ကြီးမားသောငါးဖမ်းလှေများသည် စီးပွားရေးဇုန်များကို ကျူးကျော်ပြီး သဘာဝပတ်ဝန်းကျင်ကိုပြန်လည် ပြုပြင်၍ မရအောင် ထိခိုက်နစ်နာမှုများ ဖြစ်စေလေ့ရှိသည်။

တရုတ်ဆွဲပိုက်ချ သင်္ဘောများ၏ တရားမဝင်လှုပ်ရှားမှုများသည် ဒေသတွင်း၌ အသက်မွေးဝမ်းကျောင်းမှုနှင့် စားနပ်ရိက္ခာဖူလုံရေးကို ထိခိုက်စေခဲ့သည်။ နိုင်ငံငယ်များသည် ယင်းတရားမဝင် ငါးဖမ်းခြင်း၏ အဓိက သားကောင်များဖြစ်သည်။

ကပ်ဘေးများ အတွက် လူသားချင်းစာနာထောက်ထားမှုအစီအစဉ်များကို တုံ့ပြန်ရန်နှင့် တရားမဝင် ငါးဖမ်းခြင်း ကို တိုက်ဖျက်ရန် ယင်းတို့၏ စွမ်းရည်များကို Quad ၏ အင်ဒို-ပစိဖိတ်ဒေသ ရေကြောင်းပိုင်နက်ဆိုင်ရာ အသိအမြင်အစီအစဉ်များက အားဖြည့်ကူညီပေးလိမ့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly