ပုလောတွင် ကင်းစောင့်ဖို့ ငွေလာတောင်းသည့် စစ်ကောင်စီခန့် ရာအိမ်မှူး သေနတ်ဖြင့် ပစ်သတ်ခံရ

By ကိုရွှေမြိတ်
04 June 2022
ပုလောတွင် ကင်းစောင့်ဖို့ ငွေလာတောင်းသည့် စစ်ကောင်စီခန့် ရာအိမ်မှူး သေနတ်ဖြင့် ပစ်သတ်ခံရ

ပုလော၊ဇွန်(၄)

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ် ကြဲကျေးရွာအုပ်စုရှိ ပလစက်တောရွာတွင် ယမန်နေ့ ဇွန်လ ၃ ရက်၊ ညနေ ၆ နာရီခွဲ အချိန်တွင် ကင်းစောင့်ဖို့ ငွေလာတောင်းသည့် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်ခံရသူ စစ်ကောင်စီခန့် ရာအိမ်မှူး ဦးအေးထွန်း ဆိုသူဖြစ်ပြီး ၎င်းသည် ကျေးရွာအတွင်းမှ သတင်းများပေးခြင်းနှင့် ကင်းမစောင့်သည့် နေအိမ်များတွင် ငွေကြေးတောင်းခံမှု ပြုလုပ်နေခြင်းတို့ကို ဒေသခံများ၏ တိုင်ကြားမှုကြောင့် အရိပ်ပြောက်ကျားတပ်ဖွဲ့မှ ပစ်ခတ် ရှင်းလင်းခဲ့သည်ဟု PDF အဖွဲ့ဝင် တစ်ဦးက ပြော သည်။

ကြဲကျေးရွာ ဒေသခံ တစ်ဦးက“သူက ရွာမှာ ကင်းမစောင့်တဲ့ နေအိမ်တွေမှာ ပိုက်ဆံတောင်းတယ် နောက်ပြီး ထိုင်းဖက်ကို သွားတဲ့ ကားတွေမှာ ပိုက်ဆံတောင်းတာလည်း ရှိတယ်”ဟု ပြော သည်။

အဆိုပါ စစ်ကောင်စီခန့် ရာအိမ်မှူး ဦအေးထွန်းကို အရိပ်ပြောက်ကျား တပ်ဖွဲ့မှ ရွာအဝင်လမ်းထိပ်တွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။

ပုလောမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာများရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ၃၀ နီးပါးကို တာဝန်မှ ရပ်နားကြဖို့ ပြီးခဲ့သည့်လများက ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက သတိပေး ထုတ်ပြန်ထားသည်။

#mizzima

#တနင်္သာရီတိုင်း

#ပုလောမြို့နယ်

#စစ်ကောင်စီခန့်

#ရာအိမ်မှူး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly