လောင်းလုံးမြို့နယ်တွင် ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၇) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်

By ကိုရွှေမြိတ်
02 June 2022
လောင်းလုံးမြို့နယ်တွင် ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၇) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားပြုလုပ်

လောင်းလုံး၊ ဇွန်လ၊ ၂

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် လေးသွန်းခံကျေးရွာရှိ ဗိုလ်မှူးကြီးဗထူး ပန်းခြံ၌ ယနေ့ ဇွန်လ ၂ ရက်နေ့တွင် ကျရောက်သော ဗိုလ်မှူးကြီးဗထူး ကျဆုံးခြင်း (၇၇) နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို တော်လှန်ရေး အင်အားစုများက ပူးပေါင်း ပြုလုပ်ခဲ့သည်ဟု ဦးဆောင်ပါဝင်သူ တစ်ဦးက ပြောသည်။

အခမ်းအနားသို့ လောင်းလုံးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့၊ လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊ နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂ (ထားဝယ်)၊ Dawei LGBT Community၊ လောင်းလုံး မြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ၊ သရက်ချောင်းမြို့နယ် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ၊ လောင်းလုံးမြို့နယ် ဒီမိုကရေစီ အရေး လှုပ်ရှားမှု သပိတ်ကော်မတီ၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ် ကော်မတီတို့မှ ကိုယ်စားလှယ်များနှင့် ပြည်သူ အချို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လောင်းလုံးမြို့နယ်၊ လေးသွန်းခံကျေးရွာဇာတိ ဗိုလ်မှူးကြီးဗထူး သည် ၁၉၄၂ ခုနှစ်တွင် ဗမာ့ လွတ်လပ်ရေး တပ်မတော် (BIA) သို့ စတင် ဝင်ရောက်ခဲ့ပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်ရင်း ၁၉၄၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ တာလူး စခန်း၌ ကျဆုံးခဲ့ခြင်း ဖြစ်သည်။

#တနင်္သာရီတိုင်း

#ထားဝယ်ခရိုင်

#လောင်းလုံးမြို့

#ဗိုလ်မှူးကြီးဗထူး

#(၇၇)နှစ်မြောက်အောက်မေ့ဖွယ်အခမ်းအနား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly