အကွာအဝေး မီတာ ၈ဝဝ ခန့်ပစ်နိုင်သော 70 mm နှစ်လုံးပြူးလက်နက်ကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ကြောင်း ကရင်နီဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် KGZ တပ်ဖွဲ့က ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ဗွီဒီယိုနှင့်တကွ သတင်းထုတ်ပြန်သည်။
ပြည်သူများမှပေးပို့လှူဒါန်းခဲ့သော အလှူငွေများထဲမှ ငွေကျပ် သိန်း ၁၇ဝ ခန့်ကိုလည်း လက်နက်ထုတ်လုပ်ရန်အတွက် လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများဝယ်ယူစုဆောင်းခဲ့ကြောင်း Karenni Generation Z (KGZ) မှ ဆိုသည်။
ထပ်မံ၍ ပေါက်ကွဲအားကောင်းစေရန် အရည်အသွေးကောင်းသည့် ယမ်းများ လိုအပ်နေသေးသည့်အတွက် ပြည်သူများမှပါဝင်လှူဒါန်းကြရန်လည်း KGZ အဖွဲ့မှ မေတ္တာရပ်ခံထားသည်။
ထို့အပြင် သီးခြား Project (ကြီးမားသောအစီအစဉ်) တစ်ခုမှာလည်း အောင်မြင်ခါနီးပြီဖြစ်ပြီး မကြာမီ အချိန်အတွင်း ပြည်သူကိုအသိပေးသွားမည်ဖြစ်ကြောင်း KGZ က သတင်းထုတ်ပြန်ခဲ့သည်။
#နှစ်လုံးပြူးလက်နက်
#မီတာ ၈ဝဝ ခန့်ပစ်နိုင်သော 70 mm
# Karenni Generation Z (KGZ)
#ဗွီဒီယို