မီတာ ၈ဝဝ ခန့် ပစ်နိုင်သော နှစ်လုံးပြူးလက်နက်ကို KGZ တပ်ဖွဲ့မှ အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့

01 June 2022
မီတာ ၈ဝဝ ခန့် ပစ်နိုင်သော နှစ်လုံးပြူးလက်နက်ကို KGZ တပ်ဖွဲ့မှ အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့

အကွာအဝေး မီတာ ၈ဝဝ ခန့်ပစ်နိုင်သော 70 mm နှစ်လုံးပြူးလက်နက်ကို အောင်မြင်စွာထုတ်လုပ်နိုင်ခဲ့ကြောင်း ကရင်နီဒေသကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် KGZ တပ်ဖွဲ့က ယနေ့ ဇွန်လ ၁ ရက်နေ့တွင် ဗွီဒီယိုနှင့်တကွ သတင်းထုတ်ပြန်သည်။ 

ပြည်သူများမှပေးပို့လှူဒါန်းခဲ့သော အလှူငွေများထဲမှ ငွေကျပ် သိန်း ၁၇ဝ ခန့်ကိုလည်း လက်နက်ထုတ်လုပ်ရန်အတွက် လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများဝယ်ယူစုဆောင်းခဲ့ကြောင်း Karenni Generation Z (KGZ) မှ ဆိုသည်။ 

ထပ်မံ၍ ပေါက်ကွဲအားကောင်းစေရန် အရည်အသွေးကောင်းသည့် ယမ်းများ လိုအပ်နေသေးသည့်အတွက် ပြည်သူများမှပါဝင်လှူဒါန်းကြရန်လည်း KGZ အဖွဲ့မှ မေတ္တာရပ်ခံထားသည်။

ထို့အပြင် သီးခြား Project (ကြီးမားသောအစီအစဉ်)  တစ်ခုမှာလည်း အောင်မြင်ခါနီးပြီဖြစ်ပြီး မကြာမီ အချိန်အတွင်း ပြည်သူကိုအသိပေးသွားမည်ဖြစ်ကြောင်း KGZ က သတင်းထုတ်ပြန်ခဲ့သည်။

#နှစ်လုံးပြူးလက်နက်
#မီတာ ၈ဝဝ ခန့်ပစ်နိုင်သော 70 mm
# Karenni Generation Z (KGZ)
#ဗွီဒီယို

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly