ဩစတြီးယားရှိ ဝီဂါအသိုက်အဝန်းက ရှင်ကျန်းဒေသတွင် တရုတ်၏ရက်စက်ကြမ်းကြုတ်မှုများကို ဆန္ဒပြ

ဩစတြီးယားရှိ ဝီဂါအသိုက်အဝန်းက ရှင်ကျန်းဒေသတွင် တရုတ်၏ရက်စက်ကြမ်းကြုတ်မှုများကို ဆန္ဒပြ

ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ နိုင်ငံ့ပြဇာတ်ရုံဘေးရှိ ဟာဘာ့ဗွန်ကာရာဂျန်ရင်ပြင်၌ ဝီဂါအသိုက်အဝန်းတစ်စုက ရှင်ကျန်းဒေသ၌ တရုတ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြသူများသည် တရုတ်ထိန်းသိမ်းရေးစခန်းများ၌ အကျဉ်းချခံထားရသော ၎င်းတို့ဆွေမျိုး များနှင့် မိသားစုဝင်များ၏ အမည်များရေးထားသော ပိုစတာများကို ကိုင်ဆောင်ကာ မေ ၂၉ ရက်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါဆန္ဒပြပွဲကို ဩစတြီးယားရှိ ဝီဂါအသိုက်အဝန်းဥက္ကဋ္ဌ မက်ဗလန်ဒီလ်ရှက်က ဦးဆောင်ကာ လူ ၂၅ ဦးခန့် ပါဝင်ဆင်နွှဲခဲ့သည်။

တရုတ်နိုင်ငံအပေါ် နိုင်ငံရေးနှင့် စီးပွားရေး ပိတ်ဆို့အရေးယူပိတ်ဆို့မှုများ အရေးတကြီးလုပ်ဆောင်ရန် လိုအပ်ကြောင်း မက်ဗလန်ဒီလ်ရှက်က ပြောသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး မီချဲလ်ဘက်ချလက်သည် နိုင်ငံတကာဖိအားကြောင့် ရှင်ကျန်းသို့ သွားရောက်ရန် အတင်းအကျပ်လုပ်ဆောင်ခဲ့ရသော်လည်း ယခုခရီးစဉ်သည် ဝီဂါများတောင်းဆို မျှော်လင့်ထားသည့်အတိုင်းမဟုတ်ကြောင်း မက်ဗလန်ဒီလ်ရှက်က ဆိုသည်။

တရုတ်အစိုးရသည် ကုလသမဂ္ဂ၏ အလွတ်သဘောစုံစမ်းစစ်ဆေးမှုကို ဆက်လက်ငြင်းဆိုနေကြောင်း၊ ကုလသမဂ္ဂ၏ လုပ်ရပ်များကိုလည်း ဝီဂါအသိုက်အဝန်းတစ်ခုလုံးက လုံးလုံးလျားလျား စိတ်ပျက်မိကြောင်းနှင့် ဝီဂါများသည် နောက်ထပ် ဝါဒဖြန့်ပုံစံမျိုးမလိုကြောင်းနှင့် ရှင်းလင်းချက်လိုချင်ကြောင်း မက်ဗလန်ဒီလ်ရှက်က ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required