“မြို့ပြတွေမှာ လက်ဆွဲကျောင်းပို့နေ ရွာပိုင်းတွေမှာ အထုပ်ဆွဲပြေးလို့နေ” ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ၄၇၈ ရက်မြောက် ချီတက်ဆန္ဒပြ

31 May 2022
“မြို့ပြတွေမှာ လက်ဆွဲကျောင်းပို့နေ ရွာပိုင်းတွေမှာ အထုပ်ဆွဲပြေးလို့နေ” ကလေးမြို့ ပင်မသပိတ် စစ်ကြောင်း ၄၇၈ ရက်မြောက် ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ပင်မသပိတ် စစ်ကြောင်းသည် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ရက်ပေါင်း ၄၇၈ ရက်မြောက်အဖြစ် ယနေ့ မေလ ၃၁ ရက်တွင် ချီတက် ဆန္ဒပြကြသည်။

“မြို့ပြတွေမှာ လက်ဆွဲကျောင်းပို့နေ ရွာပိုင်းတွေမှာ အထုပ်ဆွဲပြေးလို့နေ” စာတမ်းကိုင်စွဲပြီး ကလေး မြို့ လယ် လမ်းမပေါ်တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေးကြော်သံများဟစ်ကြွေးကာ လျှပ်တပြက် ချီတက်ခဲ့ကြသည်။

ကလေးမြို့ ပင်မသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်၍ နေ့စဉ် မပျက် မကွက် ချီတက်ဆန္ဒပြနေခြင်း ဖြစ်သည်။

#Mizzima

#ကလေးမြို့

#ပင်မသပိတ်စစ်ကြောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly