နောက်ဆုက်ဖို့မကြိုးစားတဲ့ ရှေ့တိုးမြဲစစ်ကောင်စီ(ဆောင်းပါး)

30 May 2022
နောက်ဆုက်ဖို့မကြိုးစားတဲ့ ရှေ့တိုးမြဲစစ်ကောင်စီ(ဆောင်းပါး)

စစ်အာဏာသိမ်းမှုတစ်နှစ်ကျော်ပြီး ခုမိုးဦးကျစမေလအတွင်းမှာ ရာသီသဘာဝ မိုးသံ၊ လေသံ၊ ထစ်ချုန်းသံတွေနဲ့အတူ တော်လှန်ရေး နိုင်ငံရေးအလှုပ်အခတ်တွေ ခပ်စိတ်စိတ်ပိုဖြစ်လာပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ တိုင်းရင်းသားတွေနဲ့ သူကိုယ်တိုင်တွေ့ဆုံပြီး ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ရေးအတွက် ဆွေးနွေးပါ့မယ်ဆိုတဲ့ ကမ်းလှမ်းချက်ဟာ မိုးဦးလေနဲ့အတူ လွင့်ပါးသွားရပါတယ်။ ဘာလို့လဲဆိုတော့ အရေးပါတဲ့ အင်အားကြီး တိုင်းရင်းသားအဖွဲ့တွေက စစ်ခေါင်းဆောင်ရဲ့ ကမ်းလှမ်းမှုကို အပြီးအပြတ်ပယ်ချခဲ့လို့ပါ။ ဝလိုမျိုး ပြည်မနိုင်ငံရေးနဲ့ အလှမ်းလည်းဝေး၊ သီးခြားကမ္ဘာလို ရပ်တည်နေတဲ့ လူမျိုးစုအဖွဲ့အစည်းကတော့ စစ်ခေါင်းဆောင်နဲ့ဆွေးနွေးမှုဟာ သူ့အလုံးအရပ် လျော့စရာအကြောင်းမရှိလို့ လာတွေ့ဆုံတာမျိုးဖြစ်နိုင်ပါတယ်။ အင်အားကြီး လက်ကိုင်တပ်ပိုင်ဆိုင်ထားသူ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီကလွဲရင် စစ်ခေါင်းဆောင်နဲ့ လာရောက်တွေ့ဆုံတဲ့ ကျန်တိုင်းရင်းသားအဖွဲ့တွေဆိုတာ သူ့နေရာဒေသမှာ သက်ဆိုင်ရာလူမျိုးစုပြည်သူတွေက သိပ်ပြီးထောက်ခံကြတာ မဟုတ်ပါ။ လိုရင်းဆိုရရင် စစ်ကောင်စီဥက္ကဌရဲ့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေအပေါ် စည်းရုံးမှု မအောင်မြင်ဘူးလို့ ဆိုနိုင်ပါတယ်။

#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly