တရုတ်နိုင်ငံမှ သက်ကြီးရွယ်အိုအများစု ကာကွယ်ဆေးမထိုးရသေးမှုအပေါ် ဝေဖန်သူများက သံသယဝင်

တရုတ်နိုင်ငံမှ သက်ကြီးရွယ်အိုအများစု ကာကွယ်ဆေးမထိုးရသေးမှုအပေါ် ဝေဖန်သူများက သံသယဝင်

တရုတ်နိုင်ငံတွင် အသက် ၆၀ နှစ် အထက် သက်ကြီးရွယ်အိုများကို ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရ သေးသည့်အချက်မှာ သက်ကြီးရွယ်အိုများသည် စီးပွားရေးအတွက် ဝန်ထုပ်ဝန်ပိုးဟု ယူဆပြီး ကာကွယ် စောင့်ရှောက်မှုမလုပ်ရတော့စေရန် တရုတ်အာဏာပိုင်များ၏ တမင်သက်သက် လုပ်ဆောင်ချက်ဖြစ်သည်။

ဆေးရုံကုတင်များနှင့် ဗိုင်းရပ်စ်ပိုးသတ်ဆေးများကဲ့သို့သော လုံလောက်သော ဆေးဘက်ဆိုင်ရာ အရင်းအမြစ်များ အလျှံပယ်ရှိသော်လည်း အသက် ၆၀ ကျော် သက်ကြီးရွယ်အို အများစုမှာ ကာကွယ်ဆေး မထိုးရသေးကြောင်း The Hong Kong Post သတင်းတွင် ဖော်ပြထားသည်။

ထို့အပြင် တရုတ်နိုင်ငံတွင် သက်ကြီးရွယ်အိုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ရည်ရွယ်ထားသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီမှ ထုတ်ပြန်သည့် လမ်းညွှန်ချက်များကို လိုက်နာခြင်းမရှိသည့်အတွက် ကိုဗစ်ကြောင့် သက်ကြီးရွယ်အိုများ သေဆုံးမှုမှာ ပိုများလာသည်ကို တွေ့မြင်နိုင်သည်။ ကိုဗစ် ကူးစက်ခံရပြီး နောက် ရှန်ဟိုင်းဆေးရုံတွင် ကွယ်လွန်သွားသော သက်ကြီးလူနာ အများအပြားမှာ ကာကွယ်ဆေး မထိုးရသေးသောကြောင့် ဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံသည် အသက် ၆၀ နှစ်အောက် လူများကို ထည့်သွင်းစဉ်းစားသည့် လုပ်သားအလေးထား စီးပွားရေး အစီအစဉ်ကို လိုက်နာကြောင်း The Hong Kong Post သတင်းတွင် ဖော်ပြထားသည်။ သို့သော် အငြိမ်းစားယူပြီးသည့် သက်ကြီးရွယ်အိုအများအပြားကို လုံလောက်သော ရင်းမြစ်များ မပေးဘဲ ၎င်းတို့၏ ကုန်ကျစရိတ်များကို မိသားစု သို့မဟုတ် ပြည်နယ်မှ ကျခံရသည်။

ထို့ကြောင့် သက်ကြီးရွယ်အိုဦးရေ တိုးမြင့်လာမှုကြောင့် လုပ်သားအင်အား လျော့နည်းလာပြီး မိသားစုများအတွက် ဝန်ထုပ်ဝန်ပိုးကို တိုးမြင့်လာစေခဲ့သည်။

ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်မှာ ဂျီဒီပီ၏ ၄ ပုံ ၁ ပုံအထိ ကုန်ကျနိုင်သည်။ သက်ကြီးရွယ်အိုဦးရေ တိုးလာမှုကို ရပ်တန့်၍မရနိုင်သောကြောင့် တိုင်းပြည်၏ရေရှည် ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည်။

ထို့အပြင် တရုတ်အာဏာပိုင်များက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှ ကျောင်းသားများနှင့် ဝန်ထမ်းများအား ကာကွယ်ဆေး အမြန်ဆုံးထိုးရန် ညွှန်ကြားထားသော်လည်း သက်ကြီးရွယ်အိုများ၏ အသက်အရွယ်သည် တိုင်းပြည်အတွက်ရော လူ့အဖွဲ့အစည်းအတွက်ပါ အသုံးမဝင်သလို အကျိုးမဖြစ်ထွန်းသောကြောင့် အထူးသဖြင့် သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရာတွင် အချိန်နှင့်ငွေကို ရင်းနှီးမြုပ်နှံရန် မလိုလားကြကြောင်း The Hong Kong Post က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly