ပါကစ္စတန် ဂွာဒါမြို့ရှိ တရုတ်ကုမ္ပဏီ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း

ပါကစ္စတန် ဂွာဒါမြို့ရှိ တရုတ်ကုမ္ပဏီ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်း

တရုတ်နိုင်ငံသို့ ကြေးနီ၊ အလူမီနီယမ်နှင့် သံတို့ တင်ပို့သည့် ပါကစ္စတန် ဂွါဒါမြို့မှ တရုတ်ကုမ္ပဏီသည် လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

H K Sons သည် ဂွါဒါမြို့၌ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ကြောင်း ပါကစ္စတန် ဒေသန္တရမီဒီယာက ဖော်ပြသည်။

ကုမ္ပဏီသည် စီမံကိန်းအမျိုးမျိုးအတွက် ဥရောပနှင့်အခြားနိုင်ငံများမှ စက်ယန္တရားများကိုလည်း တင်သွင်းသည်။

ကုမ္ပဏီသည် ကြေးနီ၊ အလူမီနီယမ်နှင့်ပလက်စတစ်များကို ပြန်လည်အသုံးပြုနိုင်အောင်လုပ်သည့် ဘာလိုချီစတန်ရှိ စီမံကိန်း ၄ ခုအတွက်လည်း အလုပ်လုပ်နေသည်။ နောက်ပိုင်း၌ ကုမ္ပဏီသည် ထိုသို့ ပြန်လည်အသုံးပြုနိုင်အောင်လုပ်ထားသော ကုန်ပစ္စည်းများကို တရုတ်သို့ တင်ပို့ခဲ့သည်။

လက်တလောတွင် ကုမ္ပဏီသည် ပြန်လည်အသုံးပြုခြင်းလုပ်ငန်းနှင့် စက်ယန္တရားများတင်ပို့မှုတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့အဖွဲ့ဝင်များကို တရုတ်နိုင်ငံသို့ ပြန်ပို့လိုက်ပြီဖြစ်သည်။

သို့သော် အစိုးရသတင်းရင်းမြစ်များက ထိုသတင်းကို အတည်မပြုသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly