တရုတ်နိုင်ငံ တီယန်ကျင်းတက္ကသိုလ်၌ ရာနှင့်ချီသောကျောင်းသားများက ကိုဗစ်-၁၉ ကန့်သတ်ချက်ကို ဆန္ဒပြ

တရုတ်နိုင်ငံ တီယန်ကျင်းတက္ကသိုလ်၌ ရာနှင့်ချီသောကျောင်းသားများက ကိုဗစ်-၁၉ ကန့်သတ်ချက်ကို ဆန္ဒပြ

တရုတ်နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ တီယန်ကျင်းမှ ကျောင်းသားရာပေါင်းများစွာသည် မေ ၂၆ ရက် ညနေပိုင်းက တီယန်ကျင်းတက္ကသိုလ် ကျောင်းဝင်းတွင် စုရုံးကာ  ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ကျောင်းသားများသည် တက္ကသိုလ်၏ ဘေးယန်းရင်ပြင်တွင် စုဝေးလျက် ‘သမားရိုးကျလုပ်ရပ်တွေ ကျဆုံးပါစေ’ ၊ ‘ဗျူရိုကရေစီ ကျဆုံးပါစေ’ ဟု ကြွေးကြော်ကာ လက်ရှိကျင့်သုံးနေသော ကိုဗစ်လုံးဝကင်းစင်ရေး ကန့်သတ်ချက်များ အကြား၌ အတန်းများနှင့် စာမေးပွဲများအတွက် စီစဉ်ထားမှုကို ထွက်ရှင်းရန် တက္ကသိုလ်မှ တာဝန်ရှိသူများအား တောင်းဆိုခဲ့ကြသည်။

အဆိုပါမြင်ကွင်းသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပေကျင်းမြို့ တီယန်နန်မင် ရင်ပြင်၌ ရက်သတ္တပတ်ပေါင်းများစွာ ဆန္ဒပြခဲ့သော ၁၉၈၉ ခုနှစ် ကျောင်းသားလှုပ်ရှားမှု၏ အစောပိုင်းဖြစ်ရပ်များကို ပြန်လည်အမှတ်ရမိစေသည်။

ထိုနှစ် ဇွန်လ ၃ ရက်နှင့် ၄ ရက်၌ တရုတ်စစ်တပ်က နှိမ်နင်းခဲ့မှုကြောင့် ဆန္ဒပြမှုများသည် သွေးချောင်းစီးသော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအခြေအနေသို့ ရောက်ရှိခဲ့ကာ သေဆုံးသူအရေအတွက်ကိုလည်း မသိရပေ။

တီယန်ကျင်းကျောင်းသားများက အွန်လိုင်းအတန်းနှင့် အတန်းတင်စာမေးပွဲများအတွက် စီစဉ်ထားမှုနှင့် ကိုဗစ်ကန့်သတ်မှုပြီးချိန်ကို အိမ်မှနေ၍ စောင့်ရမည်ဆိုပါက ကျောင်းပြန်တက်ရမည့်အချိန်တို့ကို ရှင်းလင်းပြောကြားရန် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ကို တောင်းဆိုခဲ့ကြသည်။

ကျောင်းသားများသည် အိမ်မှနေ၍ သင်ကြားနိုင်သော်လည်း အဆောင်များ၌ ပိတ်လှောင်ခံရကာ အွန်လိုင်းအတန်း တက်ခိုင်းသည်ကို စိတ်ကုန်နေပြီဖြစ်ကြောင်း လူမှုမီဒီယာများ၌ တင်ထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly