ကုလသမဂ္ဂခရီးစဉ်အတွင်း ပြည်ပရှိဝီဂါများ နှုတ်ဆိတ်နေရန် တရုတ် သတိပေး

ကုလသမဂ္ဂခရီးစဉ်အတွင်း ပြည်ပရှိဝီဂါများ နှုတ်ဆိတ်နေရန် တရုတ် သတိပေး

ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ မလာရောက်မီ နှစ်ပတ်အလိုတွင် တရုတ်နိုင်ငံ၏ ပြည်နယ်လုံခြုံရေး ရဲတပ်ဖွဲ့က ရှင်ကျန်းတွင် နေထိုင်သော ဝီဂါလူမျိုးများအနေဖြင့် ဒေသတွင်း အကျဉ်းစခန်းများအကြောင်းကို ပြည်ပရှိ ဆွေမျိုးများအား ထုတ်ဖော်ပြောဆိုပါက အကျိုးဆက်များ ခံစားရနိုင်ကြောင်း သတိပေးထားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီချဲလ်ဘက်ချလက်သည် ကမ်းရိုးတန်းမြို့ ကွမ်ကျိုးနှင့် ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XUAR) ရှိ အူရမ်ကီနှင့် ကက်ရှ်ဂါမြို့များ အပါအဝင် တရုတ်နိုင်ငံသို့ ၆ ရက်ကြာခရီးအဖြစ် ရောက်ရှိနေပြီဖြစ်သည်။ သူမသည် မေလ ၂၃ ရက်နေ့တွင် ခရီးစဉ်စတင်ခဲ့သည်။

အမေရိကန်တွင် နေထိုင်သော ကာလ်ဘီနာဂန်နီဆိုသူသည် မေလ ၁၂ ရက်နေ့က XUAR ၏မြို့တော် အူရမ်ကီအနီး ဆန်ဂျီမြို့ရှိအမျိုးသမီးအကျဉ်းထောင်တွင် အကျဉ်းကျနေသော သူမ၏ညီမနှင့်တွေ့ဆုံရန် ဘက်ချ်လက်အားတောင်းဆိုသောပို့စ်ကို တွစ်တာတွင်တင်ခဲ့သည်။

ရှင်ကျန်းရှိ ဒုတိယအကြီးဆုံးမြို့ဖြစ်သော ကော်လာမှ ပြည်နယ်လုံခြုံရေးရဲအဖွဲ့ဝင်များသည် နောက်နေ့တွင် ချာချန်ကောင်တီရှိ ဂန်နီ၏မိခင်ထံ သွားရောက်ခဲ့ပြီး ညီမဖြစ်သူ ထိန်းသိမ်းခံရမှုအကြောင်းကို တွစ်တာတွင် ထပ်မတင်ရေး ဂန်နီအား ဖျောင်းဖျရန် မိခင်ဖြစ်သူအား ဖိအားပေးခဲ့သည်။

“အမေရိကမှာနေတဲ့ ခင်ဗျားသမီးက တရုတ်အစိုးရကို ဆန့်ကျင်နေတယ်။ တွစ်တာပေါ်မှာတင်ထားတာမှန်သမျှ ဖျက်ပေးဖို့ မပြောပေးဘူးဆိုရင် ခင်ဗျားကို မရိုးသားပြုမူမှုနဲ့ အပြစ်ပေးရလိမ့်မယ်” ဟု ရဲအရာရှိများက မိခင်ကိုခြိမ်းခြောက်ကြောင်း ဂန်နီက ပြောသည်။

ပြည်ပရှိဝီဂါများကို နှုတ်ဆိတ်စေရန် တရုတ်၏ ကြိးပမ်းမှုသည် ရှင်ကျန်းရှိ လူ့အခွင့်အရေးချိုးဖောက်မှုများ၏ အဖြစ်မှန်ကို ဖုံးကွယ်ရန် ဝါဒဖြန့်မှုကို အသုံးပြုခြင်းကဲ့သို့သော ရည်ရွယ်ချက်နှင့်အလားသဏ္ဍာန်တူကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly