လောင်းလုံးတွင် တော်လှန်ရေးအောင်ပွဲဆီ အရောက်လှမ်းနိုင်ဖို့ ချီတက်ဆန္ဒပြ

By ကိုရွှေမြိတ်
29 May 2022
လောင်းလုံးတွင် တော်လှန်ရေးအောင်ပွဲဆီ အရောက်လှမ်းနိုင်ဖို့ ချီတက်ဆန္ဒပြ

မေ ၂၉

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့ မေလ ၂၈ ရက် ညနေပိုင်းက အခြေခံပညာကျောင်းသား၊ ကျောင်းသူများ ၊ အမျိုးသမီးများ ၊ LGBTများနှင့် လူငယ်များ ပူးပေါင်း၍ စစ်အာဏာရှင် စနစ် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် ပါဝင်ချီတက်ဆန္ဒပြသူများသည် “ပြာပုံကနေ ပြည်သစ်တည်၊ အတူရုန်းကန်ဖေးမမည်” စာသားကို ကိုင်ဆောင်၍ ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။

တော်လှန်ရေး ပန်းတိုင်ဆီ အရောက်လှမ်းနိုင်ဖိုအတွက် ခရီးကြမ်းကို ဖြတ်သန်း ရဦးမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ခရီးကြမ်းကို ကျော်လွှား ဖြတ်သန်း နိုင်ရန် ပြည်သူလူလူထု တစ်ရပ်လုံးက တော်လှန်ရေးတွင် တညီတညွတ်တည်း ပူးပေါင်း ပါဝင်မှသာ ရနိုင်မည်ဖြစ်ကြောင်း ချီတက်ဆန္ဒပြ လှုပ်ရှားမှုတွင်ပါဝင်သည့် ဦးဆောင် သူတစ်ဦးက ပြောကြားသည်။

တော်လှန်ရေး မအောင်မြင်သရွေ့ ပြည်သူများ အနေဖြင့် တော်လှန်ရေးတွင် တညီတညွတ်တည်း ဆက်လက် ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းကြောင်းလည်း ဆန္ဒပြလှုပ်ရှားမှုတွင်ပါဝင်သူများကဆိုသည်။

#Mizzima

#ထားဝယ်ခရိုင်

#လောင်းလုံး

#ချီတက်ဆန္ဒပြ

#PhotoNews

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly