အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ တရားမဝင်ငါးဖမ်းမှုအား စောင့်ကြည့်ရန် Quad နိုင်ငံများက ဂြိုဟ်တု စောင့်ကြည့်စနစ် တပ်ဆင်မည်

အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ တရားမဝင်ငါးဖမ်းမှုအား စောင့်ကြည့်ရန် Quad နိုင်ငံများက ဂြိုဟ်တု စောင့်ကြည့်စနစ် တပ်ဆင်မည်

အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်၏ တရားမဝင်ငါးဖမ်းမှုကို စောင့်ကြည့်ရန် ၄ နိုင်ငံလုံခြုံရေး မဟာမိတ် (Quad) အဖွဲ့သည် ဂြိုဟ်တုအခြေပြုပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာ ကနဦးခြေလှမ်းကို တပ်ဆင်ရန် စီစဉ်ထားသည်။

ဂြိုဟ်တုအခြေခံစနစ်သည် Quad နိုင်ငံများက တရုတ်ကို စောင့်ကြည့်ရန်နှင့် ငါးဖမ်းလှေများက တုံ့ပြန်အချက် ပြစနစ်(transponder) များကို ပိတ်ထားသည့်တိုင် တရားမဝင်ငါးဖမ်းခြင်းကို စောင့်ကြည့်နိုင်မည်ဖြစ်သည်။

မေလ ၂၄ ရက် လေးနိုင်ငံလုံခြုံရေး ဆွေးနွေးပွဲမတိုင်မီ လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသအဖြစ် ဆက်လက်ထားရှိရေးအတွက် ထိပ်တန်းခေါင်းဆောင်များ ဖြစ်သည့် ဝန်ကြီးချပ် မိုဒီ၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ အသစ်ရွေးကောက်ခံထားရသော သြစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အဘေနိစ်နှင့် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါတို့က တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း Financial Times က ဖော်ပြခဲ့သည်။

Quad အဖွဲ့ဝင်များသည် ပစိဖိတ်မှ အိန္ဒိယသမုဒ္ဒရာကို ဖြတ်ကျော်သည့် စီးပွားရေးနှင့် လုံခြုံရေး အကျိုးစီးပွား များ ရှိမည်ဖြစ်သည်။

အင်ဒို-ပစိဖိတ်ဒေသအတွင်း တရားမဝင်ငါးဖမ်းခြင်းကို တားဆီးရန် ရည်ရွယ်သည့် ဂြိုဟ်တု အခြေပြု ပင်လယ်ရေကြောင်းပဏာမခြေလှမ်းကို လွှင့်တင်ရန်လည်း Quad နိုင်ငံများက မျှော်လင့်ထားသည်။

ကွန်မြူနစ်တရုတ်နိုင်ငံသည် အင်ဒို-ပစိဖိတ်ဒေသတွင်း တရားမဝင်ငါးဖမ်းမှု၏ ၉၅ ရာခိုင်နှုန်းအတွက် တာဝန်ရှိ သည်ဟု စွပ်စွဲခံထားသောကြောင့် ယခုလုပ်ရပ်သည် တရုတ်၏တရားမဝင်ငါးဖမ်းမှုမှ ရပ်တန့်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။

Quad သည် နိုင်ငံများကို အုပ်စုဖွဲ့ကာ၊ ဒီမိုကရေစီ၊ ဗဟုဝါဒနှင့် ဈေးကွက်စီးပွားရေး၏ အဓိကတန်ဖိုးများကို မျှဝေကာ ယင်း၏ကော်ပိုရေးရှင်းများသည် အင်ဒိုပစိဖိတ်ဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို မြှင့်တင်သည့်ပန်းတိုင်များဖြင့် အဓိကပုံဖော်ထားသည်။

တောင်ကိုရီးယားကလည်း Quad တွင်ပါဝင်ရန် စီစဉ်နေသောကြောင့် တရုတ်က စိုးရိမ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly