တရုတ်နှင့် ရုရှားတွင် စိန်ခေါ်မှုများနေချိန်တွင် Stellantis ကားကုမ္ပဏီက အိန္ဒိယကို အမြတ်အစွန်းရှိသော ဈေးကွက်အဖြစ် မျှော်လင့်ထား

တရုတ်နှင့် ရုရှားတွင် စိန်ခေါ်မှုများနေချိန်တွင် Stellantis ကားကုမ္ပဏီက အိန္ဒိယကို အမြတ်အစွန်းရှိသော ဈေးကွက်အဖြစ် မျှော်လင့်ထား

တရုတ်နှင့် ရုရှားကဲ့သို့သော နိုင်ငံများတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် Stellantis (STLA.MI) ကားကုမ္ပဏီသည် ယခင် က မျှော်လင့်ထားသည်ထက် ပိုမိုကြီးမားသော တိုးတက်မှု အခွင့်အလမ်း ရှိလာရန်နှင့် အိန္ဒိယသည် အမြတ် အစွန်းရှိသော ဈေးကွက်တစ်ခုဖြစ်လာမည်ဟု ၏ အကြီးအကဲ ကာလိုစ် တာဗာရီက မျှော်လင့်ထားသည်။

Stellantis က ယင်း၏ Jeep နှင့် Citroen အမှတ်တံဆိပ်များကို အိန္ဒိယတွင် ရောင်းချနေပြီး အိန္ဒိယသည် Stellantis ၏ ကမ္ဘာလုံးဆိုင်ရာ ရောင်းအား၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေသော်လည်း တောင် အာရှနိုင်ငံ ဖြစ်သော အိန္ဒိယမှ အမြတ်ငွေသည် ၂၀၃၀ပြည့်နှစ်တွင် နှစ်ဆတိုးလာမည်ဟု မျှော်လင့်ထား ကြောင်း တာဗာရီက ပြောကြားခဲ့သည်။

အနောက်တိုင်းကားထုတ်လုပ်သူများသည် အာရှ၏ Suzuki Motor (7269.T) နှင့် Hyundai Motor (005380.KS) တို့က ကြီးစိုးထားသည့် အိန္ဒိယတွင် ငွေရှာရန် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရသည်။

'အိန္ဒိယမှာ အမြတ်အစွန်းရဖို့က အိန္ဒိယနည်းလမ်းအတိုင်း လုပ်ရင် ဖြစ်နိုင်ပါတယ်' ဟု တာဗာရီက မေ ၁၈ရက် နှောင်းပိုင်းတွင် အွန်လိုင်းမီဒီယာဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

စရိတ်စကနည်းပါးစေရန် အစိတ်အပိုင်း ရင်းမြစ်များကို အိန္ဒိယပြည်တွင်းဖြစ်များ အသုံးပြုရန်နှင့် ထောက်ပံ့ရေး ကွင်းဆက်ကို ဒေါင်လိုက်ပေါင်းစပ်ခြင်းဖြင့် အိန္ဒိယစားသုံးသူများလိုချင်ပြီး ငွေပေးလိုသည့် အင်္ဂါရပ်များဖြင့် ပြည်တွင်းဖြစ် ကားများထုတ်လုပ်ရန်ဖြစ်သည်။

၂၀၂၁ခုနှစ်အစတွင် ပြင်သစ်၏ PSA နှင့် Fiat Chrysler (FCA) တို့ကို ပေါင်းစည်းဖွဲ့စည်းခဲ့သည့် Stellantis သည် ဝင်ငွေများတိုးရန်နှင့် လျှပ်စစ်ကားများ (EVs) ပိုမိုထုတ်လုပ်ရန် ကြိုးပမ်းမှုများကို မြှင့်တင်ရန် မတ်လတွင် အဖွဲ့နည်းဗျူဟာအသစ်ကို ဖော်ပြခဲ့သည်။

“စိန်ခေါ်မှုတွေက အိန္ဒိယကို အရင်ကထက်တောင် ပိုကြီးမားတဲ့ အခွင့်အလမ်းတွေ ပေးနေပါတယ်” ဟု တာဗာရီက ပြောကြားခဲ့သည်။

၂၀၂၃ခုနှစ်မှ စတင်ကာ လျှပ်စစ်ကားငယ်များကိုလည်း မိတ်ဆက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly