အကြမ်းဖက်ဝါဒနှင့် အလေ့အထကို ဖယ်ရှားရန် ဂျမူးနှင့် ကက်ရှ်မီးယား ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး တိုက်တွန်း

အကြမ်းဖက်ဝါဒနှင့် အလေ့အထကို ဖယ်ရှားရန် ဂျမူးနှင့် ကက်ရှ်မီးယား ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး တိုက်တွန်း

အကြမ်းဖက် ဝါဒသည် ငြိမ်းချမ်းရေးနှင့် သာယာဝပြောမှုတို့အတွက် ဆိုးရွားသည့် ခြိမ်းခြောက်မှု ဖြစ်သောကြောင့် ပြည်ထောင်စုနယ်မြေအတွင်းမှ နှိမ်နှင်း ဖယ်ရှားသွားရန် ဂျမူးနှင့် ကက်ရှ်မီးယား ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မနော့ဆင်းက မေ၂၁ ရက်တွင် တိုက်တွန်းလိုက်သလို အစိုးရအနေဖြင့် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် လူသားတို့၏ ဘဝကို ခြိမ်းခြောက်နေသော အုပ်စုများကို နှိမ်နှင်းသွားမည့် ခိုင်မာသော ကတိကဝတ်ကို ထပ်မံအတည်ပြုလိုက်သည်။

“အကြမ်းဖက်ဝါဒက ငြိမ်းချမ်းရေးနှင့် ကြွယ်ဝမှုတို့အတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်ပါတယ်။ အကြမ်းဖက်ဝါဒနဲ့ ဒီအလေ့အထတွေကို ဝိုင်းဝန်းနှိမ်နှင်းကြရပါမယ်” ဟု ဆင်းက ‘အကြမ်းဖက်တိုက်ဖျက်ရေးနေ့’ အထိမ်းအမှတ် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ဂျမူးနဲ့ ကက်ရှ်မီးယားပြည်နယ်မှာ အနှောက်အယှက်တွေ ဖြစ်အောင် ဘယ်သူ့ကိုမှ ဖန်တီးခွင့်ပြုမှာမဟုတ်ပါဘူး။ အကြမ်းဖက် လုပ်ငန်းတွေနဲ့ နယ်စပ်မှ ဒီကိစ္စအတွက် လှုံ့ဆော်ဆောင်ရွက်နေတာတွေကို ရှင်းလင်းဖယ်ရှားသွားဖို့ လိုပါတယ်။ လူသားတွေရဲ့ ရန်သူတွေကို ခိုလှုံထောက်ပံ့ခွင့်ပေးတဲ့ အဖွဲ့အစည်းတွေနဲ့ တစ်ဦးချင်းစီကို အားလုံးက အထူးသဖြင့် လူငယ်တွေက တက်ကြွစွာ နှိမ်နှင်းဖို့ လိုပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly