တရုတ်က တောင်အမေရိကတွင် ထိုင်ဝမ်၏ ဆက်ဆံရေး အားနည်းသွားစေရန် စီးပွားရေး ကမ်းလှမ်းမှုများနှင့် အကျပ်ကိုင်သည့် သံတမန်ရေးတို့ကို ပေါင်းစပ်အသုံးပြုနေ

တရုတ်က တောင်အမေရိကတွင် ထိုင်ဝမ်၏ ဆက်ဆံရေး အားနည်းသွားစေရန် စီးပွားရေး ကမ်းလှမ်းမှုများနှင့် အကျပ်ကိုင်သည့် သံတမန်ရေးတို့ကို ပေါင်းစပ်အသုံးပြုနေ

တရုတ်က တောင်အမေရိကတွင် ထိုင်ဝမ်၏ သံတမန်ဆက်ဆံရေးကို အားနည်းသွားစေရန် စီးပွားရေး ကမ်းလှမ်းမှုများနှင့် အကျပ်ကိုင်သည့် သံတမန်ရေးတို့ကို ပေါင်းစပ်အသုံးပြုနေသည်။

မကြာသေးမီဆယ်စုနှစ်များအတွင်း အဆိုပါဒေသတွင် တရုတ်က ပိုမိုအခြေခိုင်မာလာခဲ့ပြီး လက်တင် အမေရိက နိုင်ငံအများစုအတွက် ထိပ်တန်းစီးပွားရေးမိတ်ဖက်ဖြစ်လာခဲ့သည်ဟု Singapore Post သတင်းတွင် ဖော်ပြ ထား သည်။

ကပ်ရောဂါစတင်ချိန်တွင် State Grid Corporation နှင့် Three Gorges ကုမ္ပဏီအပါအဝင် တရုတ်အစိုးရပိုင် ကုမ္ပဏီများသည် ဘရာဇီး (BRICS အဖွဲ့ဝင်)၊ ချီလီနှင့် ပီရူးတွင် လျှပ်စစ်လုပ်ငန်းတွင် ကုမ္ပဏီများနှင့် စီမံကိန်း များကို ဝယ်ယူခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

ပစိဖိတ်သမုဒ္ဒရာ အရှေ့ဘက်ကမ်းရိုးတန်းတွင် တည်ရှိသော ချီလီနှင့် ပီရူးတို့သည် တရုတ်နှင့် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ရှီကျင့်ဖျင်၏ ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း(BRI) တွင် ပါဝင်ခဲ့ကြသည်။

သဘောတူညီချက်အရ ရည်မှန်းချက်ကြီးမားသော တရုတ်အစီအစဉ်သည် လက်တင်အမေရိကတွင် ထိရောက် မှုရှိခဲ့ပြီး အာဂျင်တီးနားက အတည်ပြုသဖြင့် BRI တွင် ပါဝင်သည့် နိုင်ငံပေါင်း ၂၀ ထိရှိလာကြောင်း သတင်းတွင် ဖော်ပြထားသည်။

မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်သည် ဗဟိုအမေရိကရှိ မိတ်ဆွေ ၄ နိုင်ငံဖြစ်သည့် ပနားမား (၂၀၁၇)၊ အယ်လ်ဆာဗေဒို (၂၀၁၈)၊ ဒိုမေနီကန်ရီပတ်ဘလစ် (၂၀၁၈) နှင့် နီကာရာဂွါ (၂၀၁၈) တို့ကို ဆုံးရှုံးခဲ့သည်။

အခြားသော ဗဟိုအမေရိကနိုင်ငံများသည် တရုတ်ထံမှ အကျပ်ကိုင်မှုနှင့် ဆွဲဆောင်မှုရှိသော ကမ်းလှမ်းမှု များကြား ဟန်ချက်ညီညီ လုပ်ဆောင်နေကြသည်ဟု ဟွန်ဒူးရပ်စ်၏ ဥပမာကို ကိုးကား၍ သတင်းတွင် ထည့်သွင်း ဖော်ပြခဲ့သည်။

၂၀၂၁ခုနှစ်တွင် ဆိုရှယ်လစ်ဝါဒီ ရှိုမာရာ ကတ်စထိုသမ္မတအဖြစ် ရွေးကောက်ခံရပြီးနောက် ဟွန်ဒူးရပ်စ်သည် ထိုင်ဝမ်နှင့် အလားတူ ဆက်ဆံရေးဖြတ်တောက်မည့် အရိပ်လက္ခဏာရပ်များဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly