ဆယ်စုနှစ်တစ်စုကျော်ကြာ စစ်ရှောင်နေရသည့် မြစ်ကြီးနားမြို့ပေါ်က စစ်ဘေးရှောင် ၆၀၀ ခန့် နေရပ်ပြန်

ဆယ်စုနှစ်တစ်စုကျော်ကြာ စစ်ရှောင်နေရသည့် မြစ်ကြီးနားမြို့ပေါ်က စစ်ဘေးရှောင် ၆၀၀ ခန့် နေရပ်ပြန်

မေ ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၁၁ နှစ်ကြာ စစ်ဘေးတိမ်းရှောင် နေထိုင်နေကြရသည့် ကချင်စစ်ဘေးရှောင်တချို့ မေလ ၂၅ ရက်နေ့က ၎င်းတို့၏ နေရပ်တွင်ပြန်လည် နေထိုင်ကြပြီဖြစ်ကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)ထံက သိရသည်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ ဇုံနယ် အသင်တော်များ၏ အစီအစဉ်ဖြင့် စစ်ရှောင်စခန်းသုံးခု၊ ကျေးရွာ ငါး ရွာမှ လူဦးရေ ၆၀၀ ခန့်သည် ၎င်းတို့၏ မူလနေရပ်တွင် ပြန်လည်အခြေချနေထိုင်ကြခြင်းဖြစ်သည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဂျန်မိုင်ကောင်း စစ်ရှောင်စခန်း၊ မန်ခိန်ဆရာကထောင်စစ်ရှောင်စခန်း၊ ဗက်သလင်စစ်ဘေးရှောင် စခန်းများတွင် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် နေထိုင်နေရသည့် စစ်ဘေးတိမ်းရှောင်ပြည်သူ တချို့သည် မိမိတို့မူလနေရပ်ကျေးရွာသို့ ပြန်နိုင်ခဲ့ကြခြင်းဖြစ်သည်။

ထိုသို့နေရပ်ပြန်ကြသည့် စစ်ဘေးရှောင်များသည် မြစ်ကြီးနားမြို့နယ် ဟိုကပ်၊ သာပဒေါင်း ၊ ရေကြည် ၊ တိုင်လွမ့်၊ ကောင်ရာ အစရှိသည့် ကျေးရွာများမှဖြစ်ကြသည်။

၂၀၁၁ ခုနှစ်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲများကြောင့် ပြည်သူများသည် ၎င်းတို့၏ နေရပ်စွန့်ခွာ၍ မြစ်ကြီးနားမြို့တွင် စစ်ဘေးတိမ်းရှောင်နေထိုင်ခဲ့ကြခြင်းဖြစ်သည်။

နေရပ်ပြန်ကြသည့် စစ်ရှောင်များအတွက် နေအိမ်များကို ဂျပန်နိပွန် ဖောင်းဒေးရှင်းက အဓိကကူညီဆောက်လုပ်ပေးထားတာဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) က သိရသည်။

#Mizzima

#ကချင်ပြည်နယ်

#မြစ်ကြီးနားမြို့

#စစ်ရှောင်ပြည်သူ

#နေရပ်ပြန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly