ဂဲသားမွေးကျေးရွာ၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား ဟုဆို

25 May 2022
ဂဲသားမွေးကျေးရွာ၌ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ၁ ဦးသေဆုံးပြီး ဒဏ်ရာရသူများပြား ဟုဆို

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဂဲသားမွေးကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား ဝင်ရောက် တိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ များပြားကြောင်း Chindwin Attack Force က မေလ ၂၄ ရက်တွင် ထုတ်ပြန်သည်။

မေလ ၂၂ ရက် မနက် ၁၀ နာရီခန့်တွင် ဂဲသားမွေးကျေးရွာ အရှေ့ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အင်အား ၁၃၀ ခန့်ရှိ စစ်ကောင်စီတပ်အား စုပေါင်း ထိုးစစ်ဆင်ခဲ့ကြောင်း ဆိုသည်။

ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် လက်နက် အင်အား မမျှတမှုနှင့် ရဟတ်ယာဉ်ဖြင့် ပစ်ကူလာကြောင်း သတင်းရ သဖြင့် မဟာမိတ် တပ်ပေါင်းစုများ အထိအခိုက်မရှိ ဆုတ်ခွာလာခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအား Chindwin Attack Force တပ်ခွဲ (၃)၊ ဂဠုန်နက် PDF နှင့် မဟာမိတ်များ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မေလ ၂၃ ရက်နေ့ကလည်း ကနီမြို့နယ် မိုးကောင်းရွာမှ ထွက်လာသည့် အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်အား မိုင်းဆွဲခြင်း၊ လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အရာရှိတစ်ဦးအပါဝင် လေးဦးသေဆုံးကြောင်း အထိနာသည့် အဆိုပါတပ်သည် လူနေအိမ် ၂၀ ကျော် အား မီးရှို့ခဲ့ကြောင်း Chindwin Attack Force ထံက သိရသည်။

#Mizzima

#အရာတော်မြို့နယ်

#ဂဲသားမွေးကျေးရွာ

#ဂဋ္ဌုန်နက်

#Chindwin Attack Force

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly