အကြမ်းဖက်မှု၊ မတရားအသင်းနှင့် သတင်းမီဒီယာ(ဆောင်းပါး)

25 May 2022
အကြမ်းဖက်မှု၊ မတရားအသင်းနှင့် သတင်းမီဒီယာ(ဆောင်းပါး)

စစ်ကောင်စီလက်ထက်မှာ ပြည်တွင်းသတင်းမီဒီယာတွေအနေနဲ့ ဘေးကျပ်နံကျပ်ဖြစ်ရဆုံးက အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ကြေညာထားခံရတဲ့ အဖွဲ့အစည်းတွေ ၊ လူပုဂ္ဂိုလ်တွေနဲ့ဆက်သွယ် မေးမြန်းတာတွေရှိခဲ့ ရင် အဲဒီ သတင်းသမားကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ဒါမှမဟုတ် မတရားအသင်းဥပဒေနဲ့ အချိန်မရွေး တရားစွဲ နိုင်တဲ့ အနေအထား ဖြစ်နေတဲ့ကိစ္စပါ ။ လက်ရှိမှာလည်း စစ်ကောင်စီဟာ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာခံထားရတဲ့ အဖွဲ့အစည်းအချို့ဆီကနေ သတင်းရယူတဲ့၊ဆက်သွယ်ပြောဆိုခဲ့တဲ့ သတင်းသမားအချို့ ကို အကြမ်းဖက်မှု ဥပဒေ၊ မတရားအသင်းဥပဒေတွေနဲ့ တရားစွဲပြီး ဖမ်းဆီးချုပ်နှောင်ထားတာတွေ ရှိနေပါ တယ်။ ဒါကြောင့် ကျယ်ပြန့်လွန်းတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ၊ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ သတ်မှတ်ထားတဲ့ ဒီဥပဒေတွေနဲ့ သတင်းသမားတွေကို အရေးယူဖို့ ကြိုးပမ်းနေတာဟာ တရားမျှတတဲ့ လုပ်ဆောင်မှုတစ်ခု ဖြစ်ရဲ့လား ၊ လျော်ကန်သင့်မြတ်ရဲ့လား ဆိုတာကတော့ မေးခွန်းထုတ်ရမယ့် ကိစ္စပါ ။

#Politics
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly