ရုရှားကို ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို လျော့ပါးသက်သာအောင် မလုပ်ရန် ဂျီ-၇ က တရုတ်ကို တိုက်တွန်း

ရုရှားကို ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို လျော့ပါးသက်သာအောင် မလုပ်ရန် ဂျီ-၇ က တရုတ်ကို တိုက်တွန်း

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံများကို ကိုယ်စားပြုသည့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ၇ နိုင်ငံအုပ်စုက ယူကရိန်းကို ကျူးကျော် သည့်အတွက် ရုရှားကို ချမှတ်ထားသည့် ဒဏ်ခတ်ပိတ်ဆို့မှုများကို လျော့ပါးသက်သာအောင် မပြုလုပ်ရန်နှင့် ယူကရိန်းတွင် ရုရှား၏ လုပ်ရပ်ကို မထောက်ခံရန် ဂျီ-၇ က တရုတ်ကို တိုက်တွန်းလိုက်သည်။

ယူကရိန်းကျူးကျော်စစ်တွင် ရုရှားကို မကူညီရန်၊ ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေကို ဆန့်ကျင်တိုက်ခိုက်ခြင်းအတွက် ရုရှားအပေါ် ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုများကို လျော့ပါးသက်သာ စေရန်၊ ယူကရိန်းတွင် ရုရှား၏ လုပ်ရပ်ကို မထောက်ခံရန်နှင့် သတင်းအချက်အလက် ခြယ်လှယ်ခြင်း၊ မဟုတ် မမှန် လုပ်ကြံသတင်းလွှင့်ခြင်းနှင့် ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်ကို တရားဝင်ဖြစ်စေရန် သတင်းမှား ထုတ်လွှင့်ခြင်းနှင့် အခြားနည်းလမ်းများဖြင့် မဆောင်ရွက်ရန်” တို့ပါဝင်သော ဂျီ-၇ ၏ ကြေညာချက်ကို ကိုးကား၍ CNN က ဖော်ပြခဲ့သည်။

ဂျီ-၇ နိုင်ငံခြားရေးဝန်ကြီးများက စစ်ရေးကျူးကျော်မှုဖြင့် ရုရှားက ပြောင်းလဲရန် ကြိုးပမ်းခဲ့သည့် နယ်နိမိတ် များကို မည်သည့်အခါမျှ အသိအမှတ်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့ပြီး သြဇာလွှမ်းမိုးရန် ကြိုးပမ်းသည့် ယူဆချက်များနှင့် နိုင်ငံတကာ ဥပဒေကို မလိုက်နာဘဲ အင်အားသုံးမှုများကိုလည်း ပယ်ချခဲ့ကြောင်း ထပ်လောင်း ပြောကြားခဲ့သည်ဟု ဂျီ-၇ မှ ထုတ်ပြန်သော သီးခြား ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

'ရုရှားသည် စစ်ရေးကျူးကျော်မှုဖြင့် ပြောင်းလဲရန် ကြိုးပမ်းနေသော နယ်နိမိတ်မျဉ်းများကို မိမိတို့ မည်သည့် အခါမှ အသိအမှတ်မပြုပါ' ဟု ပြောကြားခဲ့ပြီး “နိုင်ငံတကာ ဥပဒေနှင့် မညီသော သြဇာအာဏာ အသုံးပြုမှု မှန် သမျှကို ပယ်ချခဲ့သည်' ဟု ထပ်လောင်း ဖော်ပြထားသည်။

ရုရှား၏ တရားမျှတမှုမရှိသော၊ မညှာမတာနှင့် တရားမဝင်ကျူးကျော်စစ်ကို ဆန့်ကျင်သည့်အနေဖြင့် နိုင်ငံခြား ရေး ဝန်ကြီးအဖွဲ့သည် ယူကရိန်းအတွက် ယင်းတို့၏ စည်းလုံးညီညွတ်မှုနှင့် ထောက်ခံမှုကို စုပေါင်းဖော်ပြသည့် ဆွေးနွေးပွဲကို ဂျာမနီတွင် ပြုလုပ်ပြီးနောက် ယခုကိစ္စ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယူကရိန်းနှင့် မော်လ်ဒိုဗာ နိုင်ငံခြားရေးဝန်ကြီးများရှေ့မှောက်တွင် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင် ဆိုင်မှုကို ချိုးဖောက်ကာ ရုရှား၏ နယ်နိမိတ်ပြန်လည်ရေးဆွဲရေး အင်အားသုံး ကြိုးပမ်းမှုကို ငြင်းဆိုရန် စစ်ပွဲသည် ယင်းတို့၏ ဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုခဲ့ကြောင်း အဆိုပါအဖွဲ့မှ ပြောကြားခဲ့သည်။

“လိုအပ်သရွေ့ ယူကရိန်းအတွက် လက်ရှိ စစ်ရေးနှင့် ကာကွယ်ရေး အကူအညီများကို ဆက်လက် ပေးသွားမည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“ရုရှားက အထူးမှီခိုနေရသော ကဏ္ဍများကို ထပ်မံထည့်သွင်းရန် ယင်း၏ ဒဏ်ခတ်ပိတ်ဆို့မှုများကို ဂျီ-၇ က ချဲ့ထွင်လိမ့်မည်” ဟု ထုတ်ပြန်ချက်တွင် အသေးစိတ်ဖော်ပြမထားသော်လည်း ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly