KNU ပြောခွင့်ရ ပဒိုစောတောနီကို မဇ္စျိမက ဆက်သွယ် မေးမြန်းချက်

24 May 2022
KNU ပြောခွင့်ရ ပဒိုစောတောနီကို မဇ္စျိမက ဆက်သွယ် မေးမြန်းချက်

“နိုင်ငံတကာ ရှေ့မှောက်မှာ လက်မှတ်ထိုးပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို သွားတယ်။ နောက်ဆုံး ကျတော့ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ သူတို့ အာဏာ ထပ်သိမ်းတာဘဲ။ အဲ့ဒါကို ကျွန်တော်တို့ လုပ်ခဲ့ပြီးပြီ။ အဲ့ဒါကို ကျွန်တော်တို့ နောက်ထပ် ထပ်ကာတလဲ ဒီအမှားမျိုး ထပ်ပြီး မကျူးလွန် နိုင်တော့ဘူး။ အဲ့ဒါကြောင့် သူတို့နဲ့ ဆွေးနွေးစရာ အကြောင်းကို မရှိတာ။ သူတို့ကို လုံးဝကို အယုံအကြည် မရှိတော့ဘူး။ သူတို့က ယုံကြည် ခံထားရတဲ့ နေရာကနေ လျောကျသွားပြီ။ ဘယ်အဆင့်မှ မရှိတော့ဘူး”

ပဒိုစောတောနီ (ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောရေးဆိုခွင့်ရှိသူ)

စစ်ကောင်စီ ပြန်ကြားရေး ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြည်တွင်းသတင်းဌာန တစ်ခုကို ဖြေကြား သွားသည့် စကားအပေါ် ကရင် အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောတောနီက ပြင်းပြင်း ထန်ထန် တုံ့ပြန် လိုက်သည်။

မေလ ၁၉ ရက်နေ့က ပြည်တွင်းသတင်းဌာန တစ်ခုကို ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုခဲ့သည့် စကား အချို့တွင် “ တိုင်းရင်းသား အဖွဲ့တွေကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် ပေးမယ်။ ခွဲမထွက်နဲ့” ၊ “တပ်မတော်ကို နိုင်ငံရေး မပတ်သက်နဲ့လို့ ဆိုရင် သူတို့ကျတော့ ဘာလို့ ပတ်သက်နေလဲ၊ သူတို့လည်း လက်နက်ကိုင် အဖွဲ့အစည်းပဲလေ” စသည့် ပြောကြားချက်များနှင့် ပတ်သက်၍ KNU ပြောခွင့်ရ ပဒိုစောတောနီကို မဇ္စျိမက ဆက်သွယ် မေးမြန်းထားသည်။

ရိုက်ကူး/တည်းဖြတ် - ဟန်ထူးဇော်

#Mizzima

#ကရင်အမျိုးသားအစည်းအရုံး(KNU)

#ပဒိုစောတောနီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly