သမ္မတရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ဇော်​ဌေးစျာပန

သမ္မတရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ဇော်​ဌေးစျာပန

မေ ၂၄

NLD အစိုးရလက်ထက် သမ္မတရုံး​ပြော​ရေးဆိုခွင့်ရှိသူ ဦး​ဇော်​ဌေး၏ စျာပနကို ယ​နေ့ ​မေလ ၂၄ရက်​နေ့ ည​နေ ၃နာရီတွင် ​ကွေ့ကြီးသုသာန်၌ ပြုလုပ်မည်ဖြစ်သည်။

​ယ​နေ့ ​နေ့လယ်ပိုင်းက နေပြည်​​တော်ကုတင် ၁၀၀၀​ဆေးရုံတွင် ဦး​ဇော်​​ဌေးကို သရဏဂုံတင်ရာသို့ ၎င်းနှင့် စစ်တက္ကသိုလ် အပတ်စဥ်တခုတည်းဆင်းသည့် ဗိုလ်ချုပ်​ဇော်မင်းထွန်းလည်း လာ​ရောက်ခဲ့သည်။ထို့အပြင် စစ်ဘက်အရာရှိအချို့နှင့် ရဲအရာရှိအချို့လည်း တက်​ရောက်ခဲ့ကြသည်။

ဦး​ဇော်​ဌေးသည် ယမန်​နေ့ နံနက် ၉ နာရီဝန်းကျင်က ​နေပြည်​တော်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

အသက် ၄၉နှစ်အရွယ် ဗိုလ်မှူး​ဟောင်း ဦး​ဇော်​ဌေးမှာ နိုင်ငံ​တော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြား​ရေးမှူးချုပ် တာဝန်ကိုလည်း ထမ်း​ဆောင်ခဲ့သူဖြစ်သည်။

၎င်းသည် စစ်တက္ကသိုလ် အပတ်စဥ် (၃၇) ဆင်းဖြစ်ပြီး စစ်​ကောင်စီ​ပြောခွင့်ရ ဗိုလ်ချုပ်​ဇော်မင်းထွန်းနှင့်စစ်တက္ကသိုလ် အပတ်စဥ် တူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required