အင်းစိန်ထောင်အနီးတွင် UMCD အင်အားစုမှ ဗုံး ၃လုံး သတိပေး ဖောက်ခွဲ

24 May 2022
အင်းစိန်ထောင်အနီးတွင် UMCD အင်အားစုမှ ဗုံး ၃လုံး သတိပေး ဖောက်ခွဲ

ရန်ကုန်မြို့၊ အင်းစိန်ထောင်အနီးတွင် ယမန်နေ့ မေလ ၂၃ ရက် ည၈နာရီအချိန်တွင် ဗုံးဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း Union of Myanmar Civil Defense (UMCD) ထံမှ သိရသည်။

အင်းစိန်ထောင်အတွင်းရှိ တော်လှန်ရေး ရဲဘော်များအားလုံး အားတက်စေရန်နှင့် စိတ်ဓာတ်ကျခြင်း မရှိစေရန် UMCD အင်အားစုမှ ဗုံးသုံးကြိမ်ဖောက် ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖောက်ခွဲမှုများမှာ တော်လှန်ရေးရဲဘော်များ အားလုံးနှင့် တစ်သားထဲရှိကြောင်း ပြသရန်နှင့် ထောင်တွင်း နှိပ်စက်ညှဥ်းပန်း ဖိနှိပ်နေသော ဝန်ထမ်းများအားလည်း နောက်ဆုံးအကြိမ် သတိပေးသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်ဟု သိရသည်။

#Mizzima

#ရန်ကုန်မြို့

#အင်းစိန်ထောင်

#Union of Myanmar Civil Defense(UMCD)

#ဗုံးဖောက်ခွဲ

#တော်လှန်ရေးရဲဘော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly