စစ်ကောင်စီတပ် သွယ်ဝိုက်ခေါ်ဆောင်ရာ သွားမိသည့် ဒေသကာကွယ်ရေးတပ်သား ၅ ဦး ကျဆုံးမှု ဆက်သွယ် မေးမြန်းချက်

24 May 2022
စစ်ကောင်စီတပ် သွယ်ဝိုက်ခေါ်ဆောင်ရာ သွားမိသည့် ဒေသကာကွယ်ရေးတပ်သား ၅ ဦး ကျဆုံးမှု ဆက်သွယ် မေးမြန်းချက်

စစ်ကိုင်းတိုင်း ၊ မြင်းမူမြို့နယ် ညောင်ပင်ရှည်ကျေးရွာမှ မူးသာကျေးရွာ နှင့် တလိုင်းကျွန်းကျေးရွာ သို့ စစ်ကြောင်း ထွက်လာသည့် စစ်ကောင်စီတပ်နှင့် ဒေသ ကာကွယ်ရေးတပ်တို့ ဧပြီလ ၂၃ ရက်နံနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ခဲ့ပြီး အပြန်တွင် ဒေသခံ တိုက်နယ်စွန် ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ဖမ်းဆီး ခံလိုက်ရသည်။ 

စစ်ကောင်စီတပ်သည် အဆိုပါ ဖမ်းဆီးခံ ရဲဘော်မှ တဆင့် ကာကွယ်ရေးအဖွဲ့ကို သွယ်ဝိုက် ခေါ်ဆောင်ရာ သွားရောက်ခဲ့သည့် ရဲဘော်လေးဦး ကျဆုံးခဲ့သည်။ ထို့အတူ ဖမ်းဆီးခံထားရသည့် ရဲဘော်လည်း ကျဆုံးခဲ့သည်။

ထိုသို့ အကြမ်းဖက် စစ်ကောင်စီတပ်၏ သွယ်ဝိုက်ခေါ် ယူမှု ၊ တိုက်ပွဲအခြေအနေ နှင့် ပတ်သက်ပြီး ဒေသ ကာကွယ်ရေးတပ် တိုက်နယ်စွန် တပ်ဖွဲ့ အဖွဲ့ဝင် တစ်ဦးကို မဇ္စျိမ သတင်းထောက် ကိုထွန်းထွန်းဝင်းက ဆက်သွယ် မေးမြန်းထားသည်။
#Mizzima
#တိုက်နယ်စွန်ကာကွယ်ရေးတပ်
#တလိုင်းကျွန်းကျေးရွ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly