ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ မေလ၂၃ ရက်က KIA ၊ PDF ၊ NUG ထောက်ခံပွဲနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး သပိတ် ပြုလုပ်ကြသည်။
KIA၊ PDF နှင့် စစ်ကောင်စီတပ်ဖွဲ့ တို့အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွါးနေသည့် ဖားကန့်မြို့နယ်ရှိ ဆန္ဒပြ ပြည်သူများက " KIA ၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ ၊ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေဆိုးနဲ့ သေပါစေ၊ စစ်ခွေးတွေကို ချေမှုန်းဖို့ KIA PDF ချီတက်လာပြီ၊ ဖက်ဒရယ်ပြည်ထောင်စု နှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့ ၊ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွှတ်၊ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည် “ စသည့်ကြွေးကြော်သံများဖြင့် ချီတက်သပိတ်မှောက်ခဲ့ကြသည်။