ရုရှား-ယူကရိန်းစစ်ပွဲက တရုတ်အတွက် အခွင့်ရေးဖြစ်လာ

ရုရှား-ယူကရိန်းစစ်ပွဲက တရုတ်အတွက် အခွင့်ရေးဖြစ်လာ

ရုရှား-ယူကရိန်းစစ်ပွဲသည် တရုတ်နိုင်ငံအတွက် ကြီးမားသောစီးပွားရေးအကျိုးအမြတ်များကို ရရှိစေပြီး ရုရှား၏ မကောင်းမကြောင်းမလှသည့်ဖြစ်ရပ်မှ အမြတ်ရလိုက်ခြင်းပင်ဖြစ်သည်။

ရုရှားအပေါ် G-7 နိုင်ငံခြားရေးဝန်ကြီးများက ချမှတ်လိုက်သော ပိတ်ဆို့အရေးယူမှုများကို တရုတ်အာဏာ ပိုင်များက စီးပွားရေးအခွင့်အလမ်းများအဖြစ် ရှုမြင်ထားသည်။

ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုအပြီးတွင် ရုရှားနိုင်ငံသို့ တရုတ်နည်းပညာ တင်ပို့မှုမှာ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဂီနာရိုင်မွန်ဒိုက ပြောသည်ဟု The Hong Kong Post တွင် ဖော်ပြထားသည်။

ရုရှား-ယူကရိန်း ပဋိပက္ခမှ အကျိုးအမြတ်ရယူရာတွင် တရုတ်သည် ရုရှားထုတ်ကုန်များ တခြားနိုင်ငံများသို့ မရောင်းချနိုင်မှုကို အခွင့်ကောင်းယူခဲ့သည်။ ရုရှားနှင့် ကုန်သွယ်မှုသည် ယခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ အမေရိကန်ဒေါ်လာ ၅၁ ဘီလီယံအထိရှိပြီး ၂၅ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တရုတ်က ရုရှား၏ ရက်ရောလှသော လျှော့စျေးများကို အသုံးချနေသည်။

ထို့ပြင် တရုတ်သည် ၎င်း၏ မဟာဗျူဟာမြောက် ရေနံအရံသိုလှောင်မှုများအတွက် ရေနံစိမ်းများ ထပ်မံဝယ်ယူရန် ရုရှားနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း The Hong Kong Post က ဖော်ပြထားသည်။

သို့သော် ဥရောပနိုင်ငံများက ရုရှားပိုင်နက်မှတစ်ဆင့် တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို ကန့်ကွက် လာသော ကြောင့် တရုတ်သည် ရထားလမ်း၊ ကားလမ်းနှင့် ဆိပ်ကမ်းများကို အသုံးပြုခြင်းဖြင့် နည်းလမ်း အသစ် ပြောင်းခဲ့ သည်။ တရုတ်နိုင်ငံရှိ ရှီအန်းမြို့နှင့် ဂျာမနီကို ဆက်သွယ်သည့် လမ်းကြောင်းသစ်သည် ရိုမေးနီးယားနှင့် ဘူလ် ဂေးရီးယားသို့မဝင်မီ ကာဇက်စတန်၊ ကက်စပီယံပင်လယ်နှင့် ပင်လယ်နက်တို့ကို ဖြတ်သန်းသွားသည်။ ယင်းက တရုတ်အား အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းလာစေရန် အထောက် အကူပြုမည်ဖြစ်သည်။

သို့သော် တရုတ်စီးပွားရေးသည် ကမ္ဘာ့ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ထောက်ပံ့ရေးကွင်းဆက်များ ပြတ်တောက်သွားခြင်းတို့ကို ရင်ဆိုင်နေရသောကြောင့် တရုတ်နိုင်ငံတွင် စိန်ခေါ် မှုများ ဆက်ရှိနေမြဲဖြစ်သည်။ ထို့ပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ သက်ဦးဆံပိုင် အစိုးရပုံစံကလည်း တရုတ်နိုင်ငံ တွင် စိတ်ပျက်စရာများကို ဖြစ်စေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly