ထိုင်းနိုင်ငံသို့ စတုတ္ထအသုတ် MOU ရွေ့ပြောင်း အလုပ်သမား ၃၇၆ ဦးထပ်ပို့ ၁,၀၀၀ ကျော်အထိရှိလာ

ထိုင်းနိုင်ငံသို့ စတုတ္ထအသုတ် MOU ရွေ့ပြောင်း အလုပ်သမား ၃၇၆ ဦးထပ်ပို့ ၁,၀၀၀ ကျော်အထိရှိလာ

မဲဆောက်၊ မေလ၊ ၂၂

ကရင်ပြည်နယ်၊ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၂) တံတားမှတစ်ဆင့် မေလ ၂၁ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် မြန်မာ ရွေ့ပြောင်း အလုပ်သမား ၃၇၆ ဦးကို စတုတ္ထ အသုတ်ဖြင့် ထပ်မံ စေလွှတ်ခဲ့ရာ စုစုပေါင်း ၁,၀၀၀ ကျော် ရှိဖြစ်ကြောင်း ရွှေ့ပြောင်း မြန်မာ အလုပ်သမား အရေး ကူညီပေး နေသူများထံမှ သိရသည်။

စတုတ္ထ အသုတ်ဖြင့် ယမန်နေ့က ဝင်ရောက် လာသည့် MOU စနှစ်ဖြင့် ၃၇၆ ဦးသည် အကျိုးဆောင် GOLDEN SEA MYANMAR CO., LTD နှင့် ထက်ဝင်း အေဂျင်စီ ကုမ္ပဏီတို့မှ ချိတ်ဆက်ပြီး ရောက်ရှိလာ သူများကို ထိုင်းနိုင်ငံရှိ Italian Thai Co.,Ltd စက်ရုံနှင့် CPF (Thailand) Co.,Ltd စက်ရုံတို့ကို စေလွှတ် သွားမည် ဖြစ်သည်ဟု အလုပ်သမား သံအရာရှိရုံး Myanmar Labour Attache Office ရုံး၏ ထုတ်ပြန်ချက် အရ သိရ သည်။

လက်ရှိတွင် မေလ ၁၀ ရက်နေ့မှ စတင်ကာ ထိုင်းနိုင်ငံသို့ MOU စနစ်ဖြင့် ဝင်ရောက်လာသူ ရွှေ့ပြောင်း အလုပ်သမား စုစုပေါင်း ၁,၁၁၅ ဦး ရှိပြီဖြစ်ကြောင်း မြန်မာအလုပ်သမား အရေး ကူညီပေးနေသူများထံမှ သိရသည်။

#ကရင်ပြည်နယ်

#မြ၀တီ-မဲဆောက်

#ချစ်ကြည်ရေးအမှတ်(၂)တံတား

#MOUရွေ့ပြောင်းအလုပ်သမား

#Myanmar Labour Attache Office

#အလုပ်သမားသံအရာရှိရုံး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly