ဒုတိယသမ္မတ (ဟောင်း) ဦး‌ဟင်နရီ ဗန်ထီးယူ၏ ယောက္ခမ ကွယ်လွန်

ဒုတိယသမ္မတ (ဟောင်း) ဦး‌ဟင်နရီ ဗန်ထီးယူ၏ ယောက္ခမ ကွယ်လွန်

မေလ ၂၀ ရက်

ဒုတိယသမ္မတ (ဟောင်း) ဦး‌ဟင်နရီ ဗန်ထီးယူ၏ ယောက္ခမ ၊ ဒေါက်တာရွှေလွှမ်း၏ ဖခင် Rev.Dr. Ral Buai (၇၉ နှစ်) သည် ယနေ့ မေလ ၂၀ ရက်နေ့ နေ့လယ် ၃ နာရီ ဝန်းကျင်တွင် အူမကြီး‌ ကင်ဆာဖြင့် နေအိမ်၌ ကွယ်လွန်သည်။

''ဆရာမကြီးရဲ့ အဖေ ဆုံးသွားတာ ဟုတ်ပါတယ်။ Grand Hanthar ဆေးရုံမှာ ဆေးကုနေတာ ကြာပြီ။ အခု ဆုံးတာတော့ ရန်ကုန်မှာရှိတဲ့ နေအိမ်မှာ ဆုံးတာပါ။ ဆရာမကြီး (ဒုသမ္မတ ကတော်)တော့ လာနိုင်မလား၊ လာလို့ရမလားတော့ မသိသေးပါဘူး'' ဟု မိသားစု ဝင်များနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဒေါက်တာ ရွှေလွှမ်း၏ ဖခင်မှာ အမှုတော်ဆောင် တစ်ဦး ဖြစ်ပြီး လက်ရှိတွင် ''Apostlic Christian Bible College (ACBC) ကျမ်းစာကျောင်းကို တည်ထောင်ထားပြီး United Pentecostal Church (UPC) ၏ ဖခင် တစ်ဦးလည်း ဖြစ်သည်။ သေဆုံးချိန်တွင် သားနှစ်ဦးနှင့် သမီးနှစ်ဦး ကျန်ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required