တရုတ်အာဏာပိုင်များက စားကျက်မြေသိမ်းယူမှုအမိန့်ကို ဆန့်ကျင်သော တိဗက်လူမျိုး ၁၇၀ ကို ဖမ်းဆီး

တရုတ်အာဏာပိုင်များက စားကျက်မြေသိမ်းယူမှုအမိန့်ကို ဆန့်ကျင်သော တိဗက်လူမျိုး ၁၇၀ ကို ဖမ်းဆီး

တရုတ်အာဏာပိုင်များသည် ဂါဒီကောင်တီရှိ ကျေးရွာတစ်ရွာတွင် စားကျက်မြေများကို သိမ်းယူရေး အစိုးရ၏ အမိန့်ကို ဆန့်ကျင်သော တိဗက်လူမျိုး ၁၇၀ ခန့်ကို မေလ ၁၀ ရက်က ဖမ်းဆီးခဲ့ကြောင်း Phayul သတင်းဝက်ဘ်ဆိုက်တွင် မေ ၁၆ ရက်က ဖော်ပြထားသည်။

ချူးဒရူးရွာမှ ဒေသရဲများနှင့်တခြားအာဏာပိုင်များသည် ဒေသခံတိဗက်များ၏ စားကျက်မြေ အသုံးပြုမှု အထောက်အထားကို စစ်ဆေးရန်နှင့် အထောက်အထားများသည် ရက်လွန်နေပါက ထိုရွှေ့ပြောင်းများထံမှ စားကျက်မြေများကို သိမ်းယူရန် တွန်းအားပေးခဲ့ကြောင်း Phayul ကဖော်ပြသည်။

ကျွဲနွားများကျောင်းရန် ရွှေ့ပြောင်းတိဗက်များနေထိုင်သော မြေယာများသည် နှစ် ၅၀ ခွင့်ပြုချက်ဖြင့် ချပေးထားခြင်းဖြစ်သည်။ တိဗက်ကို တရုတ်တို့ သိမ်းပိုက်ပြီးနောက် ၎င်းမြေများသည် တရုတ်အစိုးရ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားသည်။

တရုတ်အာဏာပိုင်များသည် သက်တမ်းလွန် မြေယာအသုံးပြုမှုအထောက်အထားကိုင်ဆောင်ထားသော တိဗက် ရွှေ့ပြောင်းများထံမှ မြေများကို သိမ်းယူနေခဲ့ကြောင်း Phayul က ဖော်ပြသည်။

“ဒေသတခံတိဗက်တွေဟာ ညွှန်ကြားချက်တွေကို ဆန့်ကျင်ပြီး စားချက်မြေတွေကို သူတို့ပိုင်တယ်ဆိုပြီး ပြောဆိုနေတာပါ။ ဒါကြောင့် ဂါဒီကောင်တီက တိဗက်ပေါင်း ၁၇၀ ကျော်ကို ဆင့်ခေါ်ခဲ့ပြီး ကောင်တီရဲစခန်းမှာ ထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းခဲ့ပါတယ်” ဟု ဖော်ပြထားသည်။

ယမန်နှစ်ကလည်း ယူရှူးတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်စီရင်စုမှ အာဏာပိုင်များသည် ရွှေ့ပြောင်းတိဗက်များထံမှ မြေယာများကို သိမ်းယူခဲ့ပြီး မြေယာများသည် တရုတ်အစိုးရပိုင်ဆိုင်သည်ဆိုသော စားကျက်မြေ အသုံးပြုမှုအထောက်အထားကို တင်ပြခိုင်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly